သာကေတ ရုပ်ရှင်ရုံရှေ့ ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်မြို့၊ သာကေတမြို့နယ် မြင်တော်သာလမ်းနဲ့ ဇင်္ဂမလမ်းဆုံ ရုပ်ရှင်ရုံရှေ့က KBZ ဘဏ်ရှေ့မှာ ဒီကနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အနီးဝန်းကျင်က လမ်းတွေကိုတော့ စစ်ကောင်စီက ပိတ်ထားလိုက်တယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။ ပေါက်ကွဲမှုကြောင့် အထိအခိုက် အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းလို့ မရသေးပါဘူး။
အဲဒီပေါက်ကွဲမှုကို G-20 Urban Burma Phoenix Organization (G-20 UBPO) က ဖောက်ခွဲခဲ့တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်မယ်လို့လည်း အဲဒီအဖွဲ့က ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်ထဲမှာ ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သလို စက်တင်ဘာ ၁၈ ရက် မနေ့က တစ်ရက်တည်းမှာတင် ရန်ကုန်တိုင်းထဲမှာ ဗုံးပေါက်ကွဲမှု ၂၂ ကြိမ်အထိ ဖြစ်ခဲ့ပြီး အင်းစိန်၊ မြောက်ဥက္ကလာ၊ တွံတေး၊ မြောက်ဒဂုံ၊ ခရမ်း၊ ရွှေပြည်သာ၊ ပုဇွန်တောင်၊ လှိုင်၊ ဗဟန်း၊ မရန်းကုန်း၊ သန်လျင်နဲ့ တောင်ဥက္ကလာ စတဲ့ မြို့နယ်တွေမှာ ပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။