ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ


2020.11.06
pegu-bomb-blast-election-commission-622.jpg ၂ဝ၂ဝ နိုဝင်ဘာ ၆ ရက်နေ့က ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲအပြီး မြင်ကွင်း။
Photo: Bago Weekly Journal

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဗုံးပေါက်ကွဲချိန်မှာရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ က ပြောပါတယ်။

ဒီနေ့တပ်မတော်သားတွေ ကြိုတင်မဲပေးနေတာကို သွားရောက်ကြည့်ရှုချိန် ကော်မရှင်ရုံးက ပြန်အထွက် ဆင်ဝင်အောက်မှာ ပေါက်ကွဲတာလို့ ဦးညွန့်ရွှေက ပြောပါတယ်။ ကော်မရှင်ရုံးကို လုံခြုံရေးယူထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပြောပါတယ်။

ပဲခူးခရိုင် ဒုတိယ ရဲမှူးကြီး ဦးအောင်ခိုင် ကို RFA က ဆက်သွယ်ခဲ့ရာမှာတော့...

“ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးခင်ဗျ။ ကျနော်တို့ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။ အဲဒါပဲ ပြောနိုင်ပါတယ်
” လို့ ပြောပါတယ်။

-----------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။