ရန်ကုန် သမိုင်းလမ်းဆုံက ယာဉ်ထိန်းရဲကင်းအနီး ပေါက်ကွဲမှုဖြစ်

2021.10.11
ရန်ကုန် သမိုင်းလမ်းဆုံက ယာဉ်ထိန်းရဲကင်းအနီး ပေါက်ကွဲမှုဖြစ် ၂၀၂၁ အောက်တိုဘာလ ၁၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ သမိုင်းလမ်းဆုံက ယာဉ်ထိန်းရဲကင်းကို တွေ့ရစဥ်
ဓာတ်ပုံ - CJ
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံက City Mart အနီး ယာဉ်ထိန်းရဲကင်းမှာ ဒီကနေ့ အောက်တို ဘာလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြော ပါတယ်။
 
ဒီပေါက်ကွဲမှုဟာ ၁ နာရီ ၄၁ မိနစ်မှာ ပေါက်ကွဲသံ နှစ်ကြိမ်ထွက်ပေါ်ခဲ့တယ်လို့ အဲဒီဒေသခံတွေက ဆိုပါတယ်။
 
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနိုင်တယ်လို့ ဒေသခံက ဆိုထားပြီး ပြည်သူ တစ်ယောက်နဲ့ စစ်သားတစ်ယောက် ထိခိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
 
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်ကုန်မြို့မှာ ပေါက်ကွဲမှု ၆၅ ကြိမ်အထိရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပေါက်ကွဲမှုဖြစ်စဉ် ၃၄ ရာခိုင်နှုန်းအထိတောင်ရှိလို့ ပေါက်ကွဲမှု အများဆုံးမြို့ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။