ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်

2021.12.06
ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့ ပေါက်ကွဲမှုဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာ ၂၀၂၁ ဒီဇင်ဘာ ၆ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့စဉ်
Photo: CJ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး အိမ်စီးကားသုံးစီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်တရားလွှတ်တော်ရုံးရဲ့ ဆိုင်းဘုတ်အောက်ကနေ ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျွန်တော့်နားမှာပဲဖြစ်သွားတာ။ ပေါက်ကွဲတာက တစ်ချက်ပဲ။ ကားသုံးစီးပျက်စီးသွားတယ် တရားရုံး ဆိုင်းဘုတ် အပေါက်ကြီး ဖြစ်သွားတယ်"

ပြည်နယ်တရားလွှတ်တော်ရုံး ဆိုင်းဘုတ်ရဲ့အောက်မှာ ချိန်ကိုက်ဗုံးထောင်တာဖြစ်နိုင်တယ်လို့ ယူဆနေကြပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ပေါက်ကွဲမှုဖြစ်တဲ့ အဲဒီအနီးတဝိုက်မှာ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် ပြည်နယ်တရားလွှတ်တော်ရုံး ဆိုင်းဘုတ်ရှေ့မှာရပ်ထားတဲ့ ကားသုံးစီး ပျက်စီးခဲ့ပြီး လူတွေထိခိုက်တာမျိုး ရှိ၊ မရှိ မသိရသေးပါဘူး။

လွန်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကလည်း အခုပြည်နယ် တရားလွှတ်တော်ရုံးဝင်းထဲမှာ အသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။