မြန်မာနိုင်ငံမှ ဒီဇယ်ဆီများ တရုတ်ပြည်သို့ို မှောင်ခိုတင်ပု့ိ

လောင်စာဆီ ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာနေချိန်မှာ တရုတ်ပြည်ဖက်ကို မြန်မာ နိုင်ငံဖက်က ဒီဇယ်ဆီများ တင်ပို့နေကြတာ ဖြစ်တယ်လို့ တရုတ်မြန်မာနယ်စပ် အခြေစိုက် ကုန်သည်တွေက ပြောဆိုကြပါတယ်။

2011.03.08
truck_china_border_305_z.jpg တရုတ်-မြန်မာ နယ်စပ်သို့ ပြေးဆွဲသော ကုန်တင်ကားတစင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
သာမန်အားဖြင့် နယ်စပ်ဒေသများ ဖြစ်တဲ့ ထိုင်း မြန်မာနယ်စပ်နဲ့ တရုတ်မြန်မာ နယ်စပ်တွေမှာ ထိုင်းဖက်နဲ့ တရုတ်ပြည်ဖက်က လောင်စာဆီများကို မြန်မာပြည်ဖက်က အသုံးပြုနေတာဖြစ်ပေမဲ့ အခုအချိန်မှာ မြန်မာပြည်ဖက်က ဒီဇယ်ဆီတွေကို တရုတ်ပြည်ဖက်ကို ပြန်တင်သွင်းနေတာ တွေ့ရတယ်လို့ မူဆယ်မြို့က မြန်မာကုန်သည်တဦးက ပြောပြပါတယ်။

“ဗမာပြည်ဖက်ကနေ တရုတ်ပြည်ဖက်ကို ပြန်သွားနေတယ်။ ကမ္ဘာ့ ဓာတ်ဆီဈေးနှုန်းက အပြောင်းအလဲ ဖြစ်တဲ့အခါမှာ တရုတ်ဖက်က ဆီဈေးတွေက တက်လာတဲ့အတွက် ဗမာပြည်ဖက်ကနေ ပြန်ပို့တယ်။ ဗမာဖက်က ပို့တာ လွန်ခဲ့တဲ့ ၃ လလောက်ကတခါ ပို့လိုက်တယ်ဗျ။ ပို့လိုက်တော့ အဲဒီမှာ ဖမ်းတာဆီးတာနဲ့ကို ပြဿနာ တက်သွားသေးတယ်၊ ၁၀၅ မိုင်မှာလေ။ ၁၀၅ မိုင်မှာ ပြဿနာ တက်သွားသေးတယ်၊ အခု ဒီရက်ပိုင်းတွေက ဓာတ်ဆီ မဟုတ်တော့ပဲနဲ့ ဒီဇယ်တွေ ဖြတ်ပို့နေတယ်။”

အခုလိုဒီဇယ်ဆီတွေ တရုတ်ပြည်ကို တင်ပို့နိုင်တာဟာ နယ်စပ်မှာ ရှိတဲ့ အာဏာပိုင်တွေနဲ့ အပေးအယူလုပ် ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ တင်သွင်းပုံကတော့ ကုန်ကားတွေမှာ ဒီဇယ်ပီပါများ တင်ပြီး ပို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီတင်ပို့တာတွေဟာ ပြည်တွင်းမှာ လောင်စာဆီ တရားဝင် သယ်ဆောင် ရောင်းဝယ်ခွင့် လိုင်စင်ရထားသူများနဲ့ ပတ်သက် ဆက်နွယ်မှု ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ နယ်စပ် ကုန်သည်များနဲ့ လောင်စာဆီ ရောင်းဝယ်ခွင့်ရသူတွေကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။