မြန်မာ့အရေးဖိအားပေးဖို့ ဗြိတိန်မှာ အစိုးရကို လွှတ်တော်အမတ်တွေ တိုက်တွန်း
2018.12.20

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအားလုံးချက်ချင်းရပ်ဖို့ ဗြိတိန်အစိုးရက မြန်မာအစိုးရကို လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောဆိုဖို့ ဗြိတိန်အမတ်တွေက ပြောလိုက်ပါတယ်။
လွတ်လပ်စွာ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေအားလုံးရုပ်သိမ်းဖို့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အားလုံးရဲ့ အခြေအနေ တိုးတက်အောင်ဆောင်ရွက်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးမယ့်အဖွဲ့တွေအားလုံးကို ဝင်ခွင့်ပြုဖို့ ကိစ္စတွေဖြစ်ပါတယ်။
မြန်မာနဲ့ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ သံတမန်ရေးတုံ့ပြန်မှုတွေက စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ လေဘာပါတီ အမတ် ရပ်ရှ်နာရာအလီက ထုတ်ဖော်ဝေဖန်ပါတယ်။ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက သတ်မှတ်လာရင်၊ CC နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ဖို့ ဗြိတိန်အစိုးရက ဦးစားပေးဆောင်ရွက်သင့်တယ်လို့ မနှစ် ကတည်းက လွှတ်တော်က တိုက်တွန်းထားပေမယ့် တနှစ်သာကြာသွားတယ်၊ တိုးတက်မှုက နည်းနည်းပဲတွေ့ ရတယ်လို့ သူကဆိုပါတယ်။
ဒါကြောင့် အခု ခရစ္စမတ်ရုံးပိတ်ရက်တွေ မတိုင်ခင်မှာ ဗြိတိန်ပါလီမန်အမတ်တွေက သူ့အစိုးရကို တိုက်တွန်းလိုက် တာဖြစ်ပါတယ်။