ဘုတလင်မြို့နယ် ကွမ်းခြံရွာမှာ နေအိမ် ၃၀ ခန့် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.02.13
ဘုတလင်မြို့နယ် ကွမ်းခြံရွာမှာ နေအိမ် ၃၀ ခန့် မီးရှို့ဖျက်ဆီးခံရ ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်နေသည့် နေအိမ်အဆောက်အအုံများအား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကွမ်းခြံရွာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံးသုံးဆယ်ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ ရွာသားတစ်ဦးလည်း သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူတစ်ယောက်တော့ သေနတ်ထိတယ်ဗျ။ ဟိုဘက်ကမ်းကို စက်လှေနဲ့ကူးပြီး ပြေးဖို့လုပ်တုန်း သေနတ်တွေနဲ့ လှမ်းပစ်တာ လက်မောင်းထိသွားတယ်”

ဒီနေ့မနက်မှာလည်း အဲဒီစစ်ကြောင်းဟာ ကွမ်းခြံရွာအနီးမှာရှိတဲ့ ထန်းတောရွာကိုဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့နေပေမယ့် ပျက်စီးမှုကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မီးရှို့ခံရမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ်ရှစ်သောင်းနီးပါး (၇၈, ၇၃၇) မီးလောင် ပျက်စီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။