တိုင်းပြည်ဘဏ္ဍာငွေ စီစစ်ပြီး သုံးစွဲမှသာ စီးပွားရေး တိုးတက်နိုင်

မြန်မာပြည် စီးပွားရေးအရ တိုးတက်ဖို့ကြိုးပမ်းမယ်ဆိုရင် အရင်စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အကောင်အထည်ဖော်လေ့ရှိတဲ့ ဆင်ဖြူတော် စီမံကိန်းတွေ၊ အလေအလွင့် စီမံကိန်းတွေကို လက်ရှိ အစိုးရအနေနဲ့ ရှောင်ရှားဖို့ လိုအပ်ကြောင်း ထိုင်းဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးက Bloomberg စီးပွားရေး မဂ္ဂဇင်းကို ပြောလိုက်ပါတယ်။

2012.05.08
naypyidaw-penguin-b305 နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်ရှိ ပင်ဂွင်းငှက်ပြခန်း ဖြစ်ပါသည်။
Photo courtesy of Wikipedia

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ထိုင်းဗိုလ်ချုပ်ကြီး Letrat Ratanavanich ဟာ မြန်မာစစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးလေ့ ရှိခဲ့ကြောင်း၊ အဲဒီအခါမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရေခဲတောင်တွေမှာ နေထိုင်တဲ့ ပင်ဂွင်းငှက်အကောင် အတော်များများနဲ့ သစ်ကုလားအုပ် ၂ ကောင်ကို တောင်းခဲ့တဲ့အတွက် ပို့ပေးခဲ့ရဖူးကြောင်း ထိုင်းဗိုလ်ချုပ်က ပြောတယ်လို့ ဆိုပါတယ်။

ပင်ဂွင်းငှက်တွေကို မွေးမြူရာမှာ အအေးခန်း ဖန်တီးထားရတာ ဖြစ်တဲ့အတွက် လျပ်စစ်ဓာတ်အား အများကြီးအသုံးပြုဖို့ လိုအပ်တာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်လပ် မှောင်ကျနေတဲ့အချိန်မှာ အစိုးရထိပ်ပိုင်း ခေါင်းဆောင်က သူမွေးမြူမယ့် တိရစ္ဆာန်ကို ၂၄ နာရီပတ်လုံး အအေးခန်းနဲ့ထားတဲ့ ကိစ္စမျိုးဟာ မဖြစ်သင့်ကြောင်း၊ ဒါ့အပြင် တိုင်းပြည်ဘဏ္ဍာငွေ အလုံးအရင်းကို အသုံးပြုပြီး တည်ဆောက်ခဲ့တဲ့ နေပြည်တော်လို စီမံကိန်းမျိုးဟာလည်း ဒီမိုကရေစီ အစိုးရခေတ်မှာဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း Bloomberg မဂ္ဂဇင်းက ဆိုပါတယ်။

အနာဂတ်မှာ တိုင်းပြည်ဘဏ္ဍာငွေတွေကို စီစစ်ပြီး သုံးစွဲမှသာ စီးပွားရေး တိုးတက်ဖို့ဆိုတာ ဖြစ်နိုင်ကြောင်း အဲဒီကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်းက ရေးသား ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-09 03:52

This is 100% true. We really support this article.This Dictator did whatever he likes.He did it many things awkwardly, Selfishly,and stupidly.