လုပ်ငန်းသုံးခုအတွက် လျာထားငွေကို ပြောင်းလဲအသုံးပြုမည်


2019.06.18
yangon-parliament-622.jpg ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ၂၀၁၉၊ ဇွန် ၁၇ ရက်နေ့က ကျင်းပစဉ်
Photo: Yangon Hluttaw

ရန်ကုန်တိုင်းလွှတ်တော်ထဲမှာ တိုင်းရဲမှူးရုံးတည်ဆောက်မယ့်ကိစ္စ၊ ကိုကိုးကျွန်းသွား သင်္ဘောဝယ်ယူဖို့ကိစ္စနဲ့ စုပေါင်းရာဇဝတ်တရားရုံး ဆောက်လုပ်မယ့်ကိစ္စတွေအတွက် လာမယ့်ဘဏ္ဍာနှစ်မှာ သုံးဖို့ လျာထားတဲ့ ဘတ်ဂျက်ငွေကျပ် ၁၆ ဘီလီယံကို ဒေသဖွံ့ဖြိုးရေးအတွက်သာ ပြောင်းလဲအသုံးပြုဖို့ ဒီနေ့ကျင်းပတဲ့ တိုင်းလွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်လိုက်ပါတယ်။

ဒီငွေတွေကို တိုင်းအတွင်းက မြို့နယ်တွေမှာ လမ်းနဲ့ လျှပ်စစ်မီးရရှိရေးကိစ္စတွေလို ဒေသဖွံဖြိုးရေးအတွက်အသုံးပြုဖို့ အစိုးရအဖွဲ့က ပြောင်းလဲတင်ပြလာတာကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးအတည်ပြုလိုက်တာလို့ မင်္ဂလာတောင်ညွှန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

တိုင်းရဲတပ်ဖွဲ့ရုံးဆောက်ဖို့ကိစ္စအပါအဝင် လုပ်ငန်း ၃ ခုအတွက် ဘတ်ဂျက် ၁၆ ဘီလီယံကို တိုင်းအစိုးရက တင်ပြတောင်းခံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ရာ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်တာတွေရှိခဲ့တာကြောင့် အစိုးရအဖွဲ့က အဲဒီစီမံကိန်း ၃ ခုကိုပယ်ဖျက်လိုက်ပြီး ခေါင်းစဉ်ပြောင်းလဲတင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လာမယ့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရသုံးငွေစာရင်းကို ဆွေးနွေး အတည်ပြုခဲ့တာပါ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။