ဘက်ဂျက်အသုံးစရိတ် လိုအပ်ချက်တင်ပြကြဖို့ ဝန်ကြီးဦးစိုးသိန်း တိုက်တွန်း
2013.09.03

ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ လာမယ့်ဘဏ္ဍာရေးနှစ် အသုံးစရိတ်ကို လူထုလိုအပ်ချက်အတိုင်း တင်ပြကြဖို့ သမ္မတရုံးပြည်ထောင်စုဝန်ြကီး ဦးစိုးသိန်းက မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့၊ မြို့တော်ခန်းမမှာ မနေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ တွေ ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့တာပါ။
“လာမယ့် စက်တင်ဘာလထဲမှာ ပြည်နယ်တိုင်းဒေသကြီး အသုံးစရိတ်ကို ဆွဲကြမှာဖြစ်တယ်၊ ယခင်နှစ်က ၂ ဘီလီယံလောက်ရတယ်၊ အခု ၁ဝ ဘီလီယံဖြစ်ရင်လည်းဖြစ်မှာပေါ့၊ အဲဒါကိုပြည်နယ်တိုင်း ဒေသကြီးအစိုးရက နားလည်ဖို့လိုပါတယ်၊ တခါတလေကျရင် ကြောက်တာပေါ့နော်၊ ကျနော်တို့ကတော့ ၂ ကျပ်တောင်းတယ် အခု ၁ဝ တောင်းတဲ့အခါကျတော့ သမ္မတကြီးက စိတ်ဆိုးမလား၊ သမ္မတကြီးစိတ်ဆိုးတာ ကိုယ့်အလုပ်မဟုတ်ဘူး၊ တောင်းရမှာ ကိုယ့်အလုပ်၊ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူလူထုကလိုချင်လို့၊ အဲဒီ mindset ကို ပြောင်းလိုက်စမ်းပါလို့ ကျနော်ပြောချင်တယ်”
ြပီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်နဲ့ တိုင်းဒေသြကီး အသုံးစရိတ်တွေဟာ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့အတိုင်း ဖြစ်နေတယ်လို့ သိရပါတယ်။ အခုလာမယ့် ဘဏ္ဍာရေးနှစ်မှာတော့ ပြည်နယ် တိုင်းဒေသြကီးတွေရဲ့ တကယ့်လိုအပ်ချက်အတိုင်း ရေးဆွဲကြဖို့ တိုက်တွန်းပြောခဲ့တာပါ။
မနေ့က ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ြကီး ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်း၊ ကယားပြည်နယ်ဝန်ြကီးချုပ် ဦးခင်မောင်ဦးအပြင် ပြည်နယ်အစိုးရအဖွဲ့၊လူမှုအဖွဲ့အစည်းတွေနဲ့ ကယားပြည်နယ်ြမို့နယ် ၇ ြမို့ နယ်က ဒေသခံတွေလည်း တက်ရောက်ခဲ့ကြပါတယ်။