နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့် လစာကိစ္စ လွှတ်တော်မှာ ရှင်းလင်းတင်ပြ


2015.12.03
parliament-pyitaungsu-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က တောင်းခံတဲ့ ဖြည့်စွက်ဘဏ္ဍာငွေထဲ မှာ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့်အတွက် တစ်လ လစာ ကျပ် ၃ဝ သိန်းနှုန်းနဲ့ ၅ လစာ ကျပ် သိန်း ၁၅ဝ ကို တောင်းခံထားပြီး ပိုလျှံတဲ့အခါ ပြန်လည်အပ်နှံသွားမယ်လို့ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးကံချွန် က ပြောပါတယ်။

နေပြည်တော်ကောင်စီအတွက် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံထားတာနဲ့ပတ်သက်ပြီး ကောင်စီအဖွဲ့ဝင် ဦးကံချွန်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

"၁ လလျှင် ကျပ်သိန်း ၃ဝ နှုန်းဖြင့် ၅ လစာအတွက် တင်ပြတောင်းခံရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါ တယ်၊ သုံးစွဲခြင်းမရှိပါက ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံသွားမည်ဖြစ်ပါကြောင်း ဖြည့်စွက်ရှင်းလင်းတင်ပြအပ် ပါတယ်ခင်ဗျား"

နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့်ဟာ သမ္မတရုံးဝန်ကြီးတစ်ဦးလည်း ဖြစ်တဲ့အတွက် နေပြည်တော်ကောင် စီ ဥက္ကဌ လစာငွေကို ထပ်မံတောင်းခံထားတဲ့အပေါ် အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ကန့်ကွက်ခဲ့ ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးကံချွန်က ဦးသိန်းညွန့်ဟာ အရင်က သမ္မတရုံးဝန်ကြီး လစာကိုသာ ခံစားခဲ့တာဖြစ်ကြောင်း နဲ့ နောင်မှာ သမ္မတရုံးဝန်ကြီး တာဝန်မယူဘဲ ကောင်စီ ဥက္ကဌ တာဝန်ကိုသာ ထမ်းဆောင်ရမယ်ဆိုရင် စရိတ်ချီးမြှင့်ငွေ ထုတ်ပေးနိုင်ဖို့အတွက် အခုလိုထည့်သွင်း တောင်းခံတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဖြည့်စွက်ဘဏ္ဍာငွေခွဲဝေမှုအတွက် ပြည်ထောင်စုလွှတ်တော်ထံ ကျပ် ၂၄၆၄ ဘီလီယံ ထပ်မံတောင်းခံထားပါတယ်။

အဲ့ဒီလိုတောင်းခံထားမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ အဖွဲ့အစည်းအလိုက် တာဝန်ရှိသူတွေ က ပြည်ထောင်စုလွှတ်တော်ထံ ရှင်းလင်းတင်ပြရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့ နေပြည်တော်ကောင်စီ တာဝန်ရှိသူတွေက ဒီနေ့ ရှင်းပြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။