နယ်စပ်အနီးမှာ မြန်မာဘက်က အဆောက်အဦးဆောက်တာကို တရုတ်က တားမြစ်
2018.10.17

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းက မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးနားမှာ မြန်မာဘက်က ဈေးကော်မတီရုံး အဆောက်အဦးဆောက်နေတာကို တရုတ်နယ်ခြားစောင့်ရဲတွေက လက်နက်အပြည်အစုံကိုင်ပြီး ဒီနေ့မနက်ပိုင်းက လာရောက် တားမြစ် ကန့်ကွက်ခဲ့ပါတယ်။
ဆင်ဖြူဈေးကော်မတီရုံး ဆောက်လုပ်နေတဲ့ နေရာဟာ နှစ်နိုင်ငံသဘောတူညီမှုအရ နယ်စပ်ခြံစည်းရိုးအနီး အဆောက်အဦး ဆောက်လုပ်ခွင့်မရှိတဲ့ ဧရိယာထဲမှာ ဖြစ်တာကြောင့် လာရောက် ကန့်ကွက်တာလို့ တရုတ်ဘက်က ပြောကြောင်းသိရပါတယ်။
အဲဒီလို လာရောက်ကန့်ကွက်ရာမှာ တရုတ်နယ်ခြားစောင့်ရဲတွေက လက်နက်တွေနဲ့လာတာဖြစ်လို့ မူဆယ် ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိခဲ့တဲ့အတွက် လက်နက်တွေကိုင်ဆောင်ပြီး လာရောက်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ပြည်ပရေးရာဌာနကို မူဆယ် အုပ်ချုပ်ရေးပိုင်းအနေနဲ့ ကန့်ကွက်စာပေးပို့ခဲ့တယ်လို့ မူဆယ်ခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောပါတယ်။
တရုတ်ဘက်က လာရောက်တားမြစ်ပြီးနောက် ပြန်သွားခဲ့ပြီး လတ်တလောမှုာ မူဆယ်ဘက်ခြမ်းက ဈေးကော်မတီ ရုံး ဆောက်လုပ်နေမှုကိုလည်း ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။