မြန်မာတွေအတွက် နိုင်ငံသား အခွင့်အရေး ဖို့ဝိန်းမြို့မှာ ဟောပြော

အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ အခြေချ နေထိုင်တဲ့ မြန်မာ လူမျိုးတွေအတွက် နိုင်ငံသား အခွင့်အရေး အကြောင်း သိကောင်းစရာတွေကို နိုင်ငံသား အခွင့်အရေးဆိုင်ရာ အဖွဲ့က ပထမဆုံးအကြိမ် အဖြစ် ကြာသပတေးနေ့က လာရောက် ဟောပြောခဲ့တယ်လို့ သိရပါတယ်။

2011.06.11
fort-wayne-keith-luse-305-z အမေရိကန် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ကိုယ်စားလှယ် မစ္စတာ ကိသ် လုစ်က အမေရိကန်သမတ အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အင်ဒီယာနာပြည်နယ်၊ ဖို့တ်ဝိန်းမြို့တွင် ဧပြီ ၂၅ ရက်က ဆန္ဒသဘောထား ကောက်ခံနေပုံ ဖြစ်ပါသည်။ (Photo: RFA Listener from Fort Wayne)
Photo: RFA Listener from Fort Wayne

အင်ဒီယားနားပြည်နယ် နိုင်ငံသားအခွင့်အရေး ကော်မရှင် အမှုဆောင် ညွှန်ကြားရေးမှူး Jamal Smith ဦးဆောင်တဲ့ အဖွဲ့ဟာ ဖို့ဝိန်းမြို့မှာ ဖွင့်လှစ်ထားတဲ့ အင်ဒီယားနား လူသားစွမ်းရည် မြှင့်တင်ရေး သင်တန်းကျောင်းမှာ လာရောက် ဟောပြောခဲ့တာ ဖြစ်တယ်လို့ သင်တန်းဆရာ ဦးကျော်သိန်းစိုးက ပြောပါတယ်။

“မြန်မာလူမျိုးတွေ ဖို့ဝိန်းမှာ ရောက်လာတယ်၊ လူသစ်တွေ ဖြစ်တယ်၊ သူတို့မှာ နိုင်ငံသားတိုင်း ရတဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေ သူတို့လည်း ရသင့်တယ်၊ အဲဒါတွေကို ချိုးဖောက်ခံရရင် တဦးတယောက်က အနိုင်ယူတာ မတော်မတရား ပြုလုပ်ခဲ့ရင် တိုင်ကြဖို့။ အရင်တုန်းကတော့ ဒီလို အခွင့်အရေးတွေ ရှိတယ်ဆိုတာ မသိကြဘူး။ အခု အဲဒါတွေ ရှိနေတယ်၊ ဒီနေရာတွေကို တိုင်ကြပါ၊ ဒီအခွင့်အရေးတွေကို အသုံးပြုကြပါ ဆိုတာကို သူတို့ လာပြီးတော့ အသေးစိတ် ရှင်းပြတာပါ”

သင်တန်းသား အများစုဟာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ ပြောင်းရွှေ့လာကြသူတွေ ဖြစ်ပြီး၊ သူတို့မှာရှိတဲ့ အခွင့်အရေးတွေကို အခုလို သိရှိခွင့်ရတာကြောင့် အင်မတန် အကျိုးများတဲ့ ဟောပြောပွဲ ဖြစ်တယ်လို့ ဦးကျော်သိန်းစိုးက ပြောပါတယ်။

ဖို့ဝိန်းမြို့မှာ မြန်မာလူမျိုး ၈ ထောင်ဝန်းကျင် ရှိပြီး ‘မြန်မာလူမျိုးများ မဝင်ရ’ လို့ ခွဲခြားသတ်မှတ်တဲ့ အဝတ်လျှော်လုပ်ငန်း တခုနဲ့ ပတ်သက်တဲ့ အမှုတခု မနှစ်က လူသိရှင်ကြား ဖြစ်ပွားခဲ့ပါတယ်။

အင်ဒီယားနားပြည်နယ် နိုင်ငံသားအခွင့်အရေး အကြီးအကဲရဲ့ ဟောပြောပွဲမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဖို့ဝိန်းမြို့ အင်ဒီယားနားတက္ကသိုလ်-ပါဒူးတက္ကသိုလ် ရွှေ့ပြောင်းအခြေချ နေထိုင်သူများ အသိပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးကျော်သိန်းစိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။