မရိန်းတပ်ဖွဲ့ဝင် မြန်မာလူငယ် အာဖဂန်နစ္စတန်မှာ ကျဆုံး
2011.01.07

အသက် ၂ဝ ရှိပြီ ဖြစ်ပြီး အမေရိကန် မရိန်းတပ်မှာ Sam လို့ လူသိများတဲ့ ကိုဖြိုးသူထိုက်ရဲ့ အစ်ကို ကို Daniel ဇေယျာက ညီဖြစ်သူ ဘယ်လို ကျဆုံးသွားကြောင်း RFA ကို အခုလို ပြောပါတယ်။
“ကျွန်တော် အကြမ်းဖျဉ်း သိသလောက်ကပေါ့နော်၊ သူ့ရဲ့ အောက်ပိုင်း ကိုယ်ခန္ဓာ ဒဏ်ရာ ရရှိသွားတယ် ဆိုတော့ IED မိုင်းဗုံးနဲ့ပဲ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ အတိအကျတော့ ကျွန်တော် နောက်တရက်နှစ်ရက် ကြာရင် သိရမယ် ထင်ပါတယ်။ မြေမြှုပ်မိုင်း ဖြစ်ဖို့ များပါတယ်။”
ဒီကနေ့ ကိုဖြိုးသူထိုက်ရဲ့ ရုပ်အလောင်းကို Delaware ပြည်နယ်က မရိန်းတပ်မှာ သွားရောက် သယ်ဆောင်ပြီး Maryland ပြည်နယ် Frederick မြို့ကို ပို့ဆောင်မယ်လို့ ကိုဇေယျက ပြောပါတယ်။
မနက်ဖြန် အောက်မေ့ဖွယ် အခမ်းအနားကို Frederick မြို့မှာ ပြုလုပ်မှာ ဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီ အနီးရှိ အာလင်တန် နိုင်ငံတော်သချုႋင်းမှာ စစ်အခမ်းအနားနဲ့ မြေမြုှပ် သြင်္ဂိုဟ်မှာ ဖြစ်ပါတယ်။