အနုမြူစွမ်းအင် သုံးစွဲရေး ကျွမ်းကျင်မှုအရေးကြီး
ဂျပန်နိုင်ငံက အနုမြူ ဓာတ်အားပေး စက်ရုံတွေ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အနုမြူ ဓာတ်အားပေး စက်ရုံ တည်ဆောက်မယ်ဆိုရင် စနစ်တကျ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း မြန်မာ ရူပဗေဒ ပညာရှင်တဦးက သတိပေးလိုက်ပါတယ်။
ရူပဗေဒ ပညာရှင်၊ ရန်ကုန်တက္ကသိုလ် ကထိကဟောင်း ဒေါက်တာ ဦးတင်မောင်အေး။ (Photo: RFA)
RFA
အနုမြူဓာတ်အားကို ဘယ်လို ထုတ်ယူသလဲ၊ ဂျပန်နိုင်ငံက အနုမြူ ဓာတ်အားပေး စက်ရုံတွေ ဘာကြောင့် ပေါက်ကွဲခဲ့သလဲ၊ ဘယ်လောက် စိုးရိမ်ရမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး လန်ဒန်မြို့ Imperial College ကနေ ရူပဗေဒပညာနဲ့ ပါရဂူဘွဲ့ ရရှိခဲ့သူ ရန်ကုန်တက္ကသိုလ် ကထိကဟောင်း ဒေါက်တာ ဦးတင်မောင်အေးနဲ့ RFA ဆက်သွယ်မေးမြန်းထားပါတယ်။