မဲဆွယ်စည်းရုံးနိုင်ပြီဖြစ်
2018.09.03

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒီနေ့ကစပြီး တရားဝင် မဲဆွယ်စည်းရုံးနိုင်ပြီဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ ၃ ရက်နေ့မတိုင်ခင် ကိုယ်စားလှယ်လောင်းတွေက ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံးခွင့်ရှိတဲ့အတွက် ဒီနေ့ကစပြီး နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၂ နာရီအထိ မဲဆွယ်နိုင်မှာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အရ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦး စုစုပေါင်း ၆၉ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ လစ်လပ် မဲဆန္ဒနယ် ၁၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြေညာထားပါတယ်။