ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျားဖြူပါတီကိုယ်စားလှယ်လောင်း တချို့ကို အတည်ပြု


2016.11.02
sndp-saiaikpaung-620.jpg ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို တွေ့ရစဉ်
Photo: RFA

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ ရှမ်းပြည်နယ်အတွင်း က လစ်လပ်မဲဆန္ဒနယ်မြေ ၈နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည် စာရင်းတချို့ကို ဒီနေ့ အတည်ပြုခဲ့ပါတယ်။

ဒီနေ့ တောင်ကြီးမြို့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး မှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

"ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံ၊ မိုင်းရှူး၊ ကျေးသီး၊ ညောင်ရွှေ အဲ့ဒီနေရာတွေကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ်စားလှယ်လောင်းက နဂိုထဲက ရွေးထားတာလေ။ အခြေနေမပေးလို့သာ ဝင်မပြိုင်ရ တာလေ။ အဲ့ကိုယ်စားလှယ်တွေပဲ ဦးစားပေးမယ်။ ကျိုင်းတုံကလည်းရှိထားတယ်။ ကျိုင်းတုံကလည်း ဆရာဝန် တစ်ယောက်ပေါ့။ ဒေသခံကိုပဲ ဦးစားပေးရမယ်လေ"

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ကျေးသီးနဲ့ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်တွေအတွက် လစ်လပ်နေရာ ၆ နေရာရှိပြီး အဲဒီအချိန်က အမည်စာရင်း တင်သွင်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုသာ ပြန်လည်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။

ကျိုင်းတုံနဲ့ ညောင်ရွှေမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ကွယ်လွန်သွားတာကြောင့် လစ်လပ်နေတဲ့ အဲဒီနှစ်နေရာမှာ ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကိုတော့ ထပ်မံရွေးချယ်မှာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း မိုင်းရှူးမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး တပ်သားအင်အားဖြည့်တင်းမှုတွေ ရှိနေတယ်လို့ သတင်းတွေ ကြားရတဲ့အတွက် ရွေးကောက်ပွဲအတွက် စိုးရိမ်ကြောင်း SNDP ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို အခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်လာလ ၇ ရက်နေ့အတွင်း ရွေးကောက်ပွဲကော်မရှင်ထံ

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။