မြန်မာ့အရေး ရင်ကြားစေ့ရေးနည်းလမ်းသုံးဖို့ ကမ္ဘောဒီးယားသံရုံး ထုတ်ပြန်

2021.12.11
မြန်မာ့အရေး ရင်ကြားစေ့ရေးနည်းလမ်းသုံးဖို့ ကမ္ဘောဒီးယားသံရုံး ထုတ်ပြန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ၂၀၂၁ ဒီဇင်ဘာ ၈ ရက်နေ့က ဖော်ပြစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ရင်ကြားစေ့ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးကို မြန်မာနိုင်ငံက တစ်နည်းနည်းနဲ့ စပြီးဆောင်ရွက်ဖို့လိုနေပြီး ကမ္ဘောဒီးယားအနေနဲ့ တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ သူ့ရဲ့မူဝါဒကိုပါ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ ဆိုထားတာ တွေ့ရသလို လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီသွားဖို့ ရှိနေတယ်လို့ ရေးသားထားပါတယ်။

လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘရူနိုင်းနိုင်ငံရဲ့ အလှည့်ပြီးရင် ၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရဖို့ရှိနေပြီး မြန်မာ့အရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားက ဆိုထားပါတယ်။

နှစ်ပေါင်း ၂၀ ကျော် အာဏာယူထားတဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်လို့ အတိအလင်းပြောထားသလို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို အလည်အပတ်လာဖို့ ဖိတ်ကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Vong Pisen နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ ဒီဇင်ဘာ ၈ ရက်နေ့က စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေ တက်ရောက်နိုင်ဖို့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။