နေပြည်တော် ဥမင်လှိုဏ် အဆုံးသတ်ဖို့ ဒေသခံတွေကို အာဏာပိုင်တွေ ငှါးရမ်းခိုင်းစေ
2011.06.10

(Image: RFA)
လှိုင်းခေါင်းကို ရှင်းလင်းရတာ ဖြစ်ပြီး အတွင်းမှာ ကား ၂ စီး ၃ စီး သွားလာလို့ရကြောင်း သူက ပြောပါတယ်။
အဲဒိ စီမံကိန်းကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပြီး၊ နယ်မြေခံ စစ်တပ်တွေက လုံခြုံရေး အပြည့် ယူထားခဲ့တဲ့ အပြင်၊ စီမံကိန်း အနီးကို ဒေသခံတွေ ဖြတ်သန်း သွားလာခွင့် မရခဲ့ကြဘူးလို့ သိရပါတယ်။
လောလောဆယ် အထိတော့ အခု ဝင်ရောက် လုပ်ကိုင်ခွင့်ရတဲ့ မြေအောက် လျှို့ဝှက် ဥမင်ထဲမှာ နျူကလီးယားနဲ့ တခြား လက်နက် ထုတ်လုပ်ရေးတို့နဲ့ သက်ဆိုင်တဲ့ သံသယ ဖြစ်စရာ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
အဲဒီ မြေအောက် လှိုက်ခေါင်း စီမံကိန်း အတွက် မကြာခင်သေးက နေ့စား အလုပ်သမားတွေ စတင် ခေါ်ယူခဲ့တဲ့ အတွက် ဆင်သေကန်၊ ရှမ်းကုန်းရွာ စတဲ့ အနီးတဝိုက် ကျေးရွာတွေက သွားရောက် အလုပ်လုပ်ကိုင်သူ ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။
လောလောဆယ် စီမံကိန်း တလျှောက်မှာ ရွာမွန်တပ်ရင်း အပါအဝင် ဒေသခံ စစ်တပ် အတော် များများ တပ်စွဲထားပါတယ်။
စီမံကိန်း စတင် အကောင်အထည် ဖော်ချိန်က မြောက်ကိုရီးယား လူမျိုး တချို့ဟာ မြန်မာ စစ်တပ်က အရာရှိတွေနဲ့ အတူ စီမံကိန်း အနီး ကျေးရွာတွေက စားသောက်ဆိုင်တွေကို ဝင်ထွက်ခဲ့ဖူး တာကြောင့် အဲဒ ိမြေအောက် ဥမင်ကို မြောက်ကိုရီးယား အကူအညီနဲ့ ဖောက်လုပ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဒေသခံတချို့က ယူဆ ပြောဆိုကြပါတယ်။