CDM ညီလာခံ လေးရက်ကြာ ကျင်းပမည်

RFA Burmese
2024.01.16
CDM ညီလာခံ လေးရက်ကြာ ကျင်းပမည် ရန်ကုန်မြို့မှ ကျန်းမာရေး ဝန်ထမ်းများ၏ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
RFA

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းထု ညီလာခံကို ဇန်နဝါရီလ ၂၀ ရက်ကနေ ၂၃ ရက်နေ့ထိ လေးရက်ကြာ ကျင်းပသွားမယ်လို့ ညီလာခံ ဖြစ်မြောက်ရေးကော်မတီက ဇန်နဝါရီ ၁၅ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒီညီလာခံမှာ သဘာပတိတွေအဖြစ် CDM ပါမောက္ခချုပ်တွေ အလုပ်သမားအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ ပအို့ဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးသိန်းဦးတို့ ပါဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ညီလာခံလုပ်ရတဲ့ရည်ရွယ်ချက်အပါအဝင် အသေးစိတ်သိရဖို့ ညီလာခံဖြစ်မြောက်ရေးကော်မတီကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာတော့ မရှိသေးပါဘူး။

CDM ညီလာခံကို အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ CDM နိုင်ငံ့ဝန်ထမ်းတွေ စုစည်းခိုင်မာအားကောင်းရေးနဲ့ CDM နိုင်ငံ့ဝန်ထမ်းထုရဲ့ အသံတွေ နိုင်ငံ့ဝန်ထမ်း CDM စစ်စစ်တွေထံက ထွက်ပေါ်လာရေး၊ CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ခွင့်၊ လွတ်လပ်တဲ့ စုဖွဲ့မှုပေါ်ပေါက်ရေးနဲ့ တရားမျှတပြီး ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံ့ဝန်ထမ်းစနစ်သစ်ကို တည်ဆောက်နိုင်ရေးစတဲ့ အခြေခံမူ ငါးရပ်နဲ့ ဆောင်ရွက်မှာလို့ ဒီဇင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

CDM ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို CDM အင်အားစုတွေက ကိုယ်စားလှယ် ၂၅ ဦးနဲ့ ၂၀၂၃ နိုဝင်ဘာ ၃ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

NUG အလုပ်သမားဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးကျော်နီက CDM လုပ်နေတဲ့ ဝန်ထမ်းသုံးသိန်းကျော်ရှိတယ်လို့RFA ကို ၂၀၂၃ ခုနှစ် ဧပြီလက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။