ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ကျော် CDM ဝင်လာ

RFA Burmese
2024.08.01
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ကျော် CDM ဝင်လာ ၂ဝ၂၄ ခုနှစ် ဇူလိုင်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မ​တော် ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်းကို လက်နက်နှင့်တကွ CDM ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။
Photo: Ministry of Defence/ NUG

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါးဦးအပါအဝင် စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ဦး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သူတို့ဟာ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က PDF တွေဆီ ချိတ်ဆက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီအထဲမှာ အရာရှိအဆင့် ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါးဦးနဲ့ ဗိုလ်တစ်ဦးပါဝင်ပြီး စစ်သားနဲ့ရဲ ၅၄ ဦး စစ်ကောင်စီတပ်ကို စွန့်ခွာပြီး CDM ဝင်လာတာလို့ရေးသားထားပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး လက်နက်ပါ ယူလာသူတွေကို သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လက စစ်သားနဲ့ ရဲ ၄၃ ဦးနဲ့ မေလ ကလည်း ၄၅ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း တစ်သောင်းခွဲဝန်းကျင်ရှိတယ်လို့ RFA ကို ဇွန်လထဲမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။