ဘဏ်တွေ ပုံမှန်လည်ပတ်နေတယ်လို့ ဗဟိုဘဏ်ပြော

RFA Burmese
2023.11.16
ဘဏ်တွေ ပုံမှန်လည်ပတ်နေတယ်လို့ ဗဟိုဘဏ်ပြော ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဗဟိုဘဏ်အား တွေ့ရစဉ်။
RFA

ဘဏ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေဟာ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ဗဟိုဘဏ်က စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။

ပုဂ္ဂလိကဘဏ်တချို့မှာ ဘဏ်ဝန်ထမ်းလစာ နှစ်လစာ ကြိုတင်ထုတ်ပေးပြီး ရက်အကန့်အသတ်မရှိ ဘဏ်ပိတ်တာ၊ ဘဏ်တွေက ငွေထုတ်ယူမှု ကန့်သတ်နေတယ် ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပြီးနောက် အခုလို တုံ့ပြန်လာတာပါ။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ ဒီလို သတင်းအမှား ဖြန့်ဝေသူတွေကို ဖော်ထုတ်အရေးယူ သွားမယ်လို့ ဆိုထားပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်ပြီးနောက် အဓိကနိုင်ငံခြားငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ ဈေးဟာ တစ်ရက်အတွင်း နှစ်ရာကျပ် မြင့်တက်သွားခဲ့ပြီး တစ်ဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်ပေါက်ဈေး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။