ဘဏ်လုပ်ငန်းတွေမှာ မစိုးရိမ်ကြဖို့ ဗဟိုဘဏ်ကထုတ်ပြန်


2019.09.03
myanmar-central-bank-622.jpg ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ပြည်သူတွေအနေနဲ့ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေမရှိကြစေဖို့  မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ လက်ရှိဘဏ်လုပ်ငန်းရှင်တွေကြား ညှိနှိုင်းတွေဆုံတာတွေ ဆက်လက်လုပ်ဆောင်နေပြီး ဘဏ်တွေလိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်တာကြောင့် ပြည်သူူတွေအနေနဲ့ ဘဏ်လုပ်ငန်းတွေ အပေါ် စိုးရိမ်တာတွေမရှိကြဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့တုန်းက ပြည်သူလွှတ်တော်မှာ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးစိုးသိန်းက ဗဟိုဘဏ် အနေနဲ့ အခြားဘဏ်တွေနဲ့ ထပ်မညှိနှိုင်းတော့ဘူးလို့ ဆိုတဲ့စကားလုံးနဲ့ သုံးနှုန်းကာပြော ကြားခဲ့ပါတယ်။

အဲဒီလို ဗဟိုဘဏ်ဒုဥက္ကဌက ပြည်သူ့လွှတ်တော်မှာဖြေကြားတဲ့အချက်ဟာလည်း ဗဟိုဘဏ်ရဲ့ ရပ် တည်ချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ ဖြေကြားခဲ့တဲ့အချက်တွေဟာ ဗဟိုဘဏ် မူဝါဒအချို့နဲ့ ကွဲလွဲနေတာကြောင့်  တာဝန်ကနေ နုတ်ထွက်စာတင်ထားကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ညနေက ပျံ့နှံ့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒုဥက္ကဋ္ဌ ဦးစိုးသိန်းဟာ ဒီနေ့အထိ ရုံးတက်နေကြောင်းနဲ့ နုတ်ထွက်စာတင်ထားခြင်း ရှိ၊ မရှိကို မသိရကြောင်း ပြောပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်း နုတ်ထွက်စာတင်ထားတယ်ဆိုတဲ့ကိစ္စကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။