ဓာတုလက်နက် ပဋိညာဉ်မှာ မြန်မာနိုင်ငံ ပါဝင်ပြီ
2015.08.07
ဓာတုလက်နက်ထုတ်လုပ်တာ၊ သိုလှောင်တာနဲ့ အသုံးပြုတာတွေကို တားမြစ်တဲ့ CWC ဓာတုလက်နက်ဆိုင်ရာ ပဋိညာဉ် စာချုပ်မှာ မြန်မာနိုင်ငံ မနေ့က အာဏာစတင် သက်ရောက်သွားပါတယ်။
မြန်မာနိုင်ငံဟာ ဓာတုလက်နက်တွေ သိုလှောင်ပြီး အသုံးပြုနေတယ်လို့ အရင်က စွပ်စွဲခံရခဲ့ရဖူးပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံဟာ ပဋိညာဉ်စာချုပ်မှာ စတင် အာဏာ သက်ရောက်သွားပြီမို့ CWC မှာ ၁၉၁ ခုမြောက်နိုင်ငံအဖြစ် မနေ့က စတင် ပါဝင်လာပါပြီ လို့ နယ်သာလန်နိုင်ငံသည် ဟိဂ်အခြေစိုက် OPCW ဓာတုလက်နက်များ ပိတ်ပင်တားမြစ်ရေး အဖွဲ့ က ကြေညာပါတယ်။
မြန်မာနိုင်ငံ ခုလိုပါဝင်လာတာဟာ CWC ဟာ ကမ္ဘာကြီး ဓာတုလက်နက်ကင်းစင်ရေးနဲ့ ပို နီးစပ်လာတယ်လို့ ညွှန်ကြားရေးမှူး Ahmet Uzumcu က ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။
ဓာတုလက်နက်တွေ ထုတ်လုပ်တာ သိုလှောင်တာတွေ တကမ္ဘာလုံးပိတ်ပင်တားမြစ်ရေး စာချုပ်ဟာ ၁၉၉၇ ခုနှစ်မှာ ပထမဆုံး အာဏာသက်ရောက်လာပြီး OPCW က စီမံခန့် ခွဲတဲ့ ပဋိညာဉ်စာချုပ်မှာ ခုဆို ၁၉၁ နိုင်ငံ လက်မှတ်ရေးထိုး ပြီး ဖြစ်ပါတယ်။
အရင်မြန်မာစစ်အစိုးရဟာ ကရင်လက်နက်ကိုင်တွေကို ဓာတုလက်နက်သုံး တိုက်ခိုက်တယ်လို့ လန်ဒန်မြို့က အခြေ စိုက် Christian Solidarity Worldwide ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်း ညီညွတ်ရေး အဖွဲ့က ၂၀၀၅ ခုနှစ်မှာ စွပ်စွဲ ခဲ့ဖူးပါတယ်။