ချယ်ရီ FM အသံလွှင့်ရုံ လုပ်ငန်းတွေ ပိတ်ရမည်


2015.08.15
cherry-fm-office-620.jpg ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ Cherry FM သီချင်းတောင်းနေရာကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ချယ်ရီ FM ရေဒီယိုအသံလွှင့်ဌာနကို မိမိသဘောဆန္ဒအလျောက် ပိတ်သိမ်းကြောင်း စာတင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန က ပြောကြားပေမယ့် ချယ်ရီဘက်က တရားဥပဒေကြောင်းအရသာ လုပ်ဆောင်သွားမယ်လို့ ချယ်ရီ FM က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ချယ်ရီ FM တာဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာနတို့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ ချယ်ရီ FM က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမျိုးသက်နိုင် က ပြောပါတယ်။

"ပိတ်သိမ်းပေးဖို့ မိမိသဘောဆန္ဒအလျောက် ခေတ္တရပ်ဆိုင်းပါဆိုပြီးတော့ ထုတ်ပြန်ပေးဖို့ သူတို့ဘက်က ညွှန်ကြား တယ်ခင်ဗျ၊ ကျနော်တို့ကတော့အဲ့လိုလုပ်သွားဖို့မရှိပါဘူး၊ ကျနော်တို့ အနေနဲ့တော့ တရားဥပဒေကြောင်းအရအရေး ယူမယ်ဆိုလည်း တရားဥပဒေအရလုပ်ပေါ့နော်၊ အရာအားလုံးကို တရားဥပဒေအရဘဲဖြေရှင်းစေချင်တယ်၊ ဝန်ကြီး ဌာနဘက်က သဘောဆန္ဒအရပိတ်သိမ်းခိုင်းတာပါ"

ချယ်ရီ FM ထုတ်လွှင့်တာ ဒီနေ့ ခြောက်နှစ်သက်တမ်းရှိပြီဖြစ်ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ Iron Cross အဖွဲ့နဲ့ ၆ နှစ်ပြည့်အထိမ်းအမှတ်ပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

ချယ်ရီ FM ဟာဆိုရင် ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ပြည်သူ့ လွှတ်တော်နာယက ဦးသူရရွှေမန်းရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်း မိသားစု ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။