ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးစိုးထက် အပါအဝင် လေးဦး ပြန်မလွှတ်သေး

2021.02.05
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးစိုးထက် အပါအဝင် လေးဦး ပြန်မလွှတ်သေး ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးထက် (အလယ်လူ)ကို တွေ့ရစဉ်
Photo: Soe Htet - facebook

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက တပ်မတော်က စစ်အာဏာသိမ်းပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထားရာမှာ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် အပါအဝင် အစိုးရအဖွဲ့ဝင် လေးဦးတို့ ဒီကနေ့ မနက် ၁၀ နာရီအထိ ပြန်မလွတ်လာသေးပါဘူး။

ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်အပါအဝင် ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဖွေအား၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲနဲ့ ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထိတ်ထန်း ဒီမနက် ၁၀ နာရီအထိ ပြန်မလွတ်သေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့က လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က RFA ကိုပြောပါတယ်။

တပ်မတော်က ဖမ်းဆီးထားလို့ ပြန်လွတ်လာပြီး အခုလက်ရှိ ပြည်နယ်အစိုးရ အိမ်ရာမှာ ထိန်းသိမ်းခံနေ ရတဲ့ ဝန်ကြီးချုပ်အပါဝင် ဝန်ကြီး ငါးဦး တို့ဟာလည်း ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နောက်ဆုံးထားပြီး အိမ်ယာကနေ ဖယ်ရှားပေးရမှာဖြစ်ပြီး အဆောင်ယောင် ပစ္စည်းတွေ အပ်ဖို့ပြောတယ်လို့ သိရပါတယ်။

“ဒီမနက် ပြည်နယ်ရဲအရာရှိ တစ်ယောက်လာတယ်။ ဒီနေ့ အဆောင်ယောင်ပစ္စည်းတွေ အပ်ရမယ်လို့ ပြောတယ်။ ဒီနေ့တော့ အဲတာလုပ်မယ်။” လို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါ တယ်။

ဖေဖော်ဝါရီ ၄ ရက် ညပိုင်းမှာလည်း NLD နာယကအဖွဲ့ဝင် ဦးဝင်းထိန်ကို ဖမ်းဆီးထားလိုက်သလို လက်ရှိအချိန်အထိ NLD ပါတီက ဗဟိုကော်မတီဝင်တွေ၊ ၈၈ မျိုးဆက်ဟောင်း ကိုမြအေး နဲ့ ကျောင်း သားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်တို့လည်း လက်ရှိအချိန်အထိ ပြန်လွတ်မလာကြသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။