စစ်ကောင်စီတပ်ဖွဲ့၀င် ဆယ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း CDF ပလက်ဝအဖွဲ့ ပြော

RFA Burmese
2023.12.12
စစ်ကောင်စီတပ်ဖွဲ့၀င် ဆယ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း CDF ပလက်ဝအဖွဲ့ ပြော ချင်းကာကွယ်ရေးအဖွဲ့ (CDF) ပလက်ဝအဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာသည့် ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
CDF Paletwa

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီတပ်သား နှစ်ဦးနဲ့ ရဲ ရှစ်ဦး စုစုပေါင်း ဆယ်ဦးဟာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) ပလက်ဝအဖွဲ့ထံ ဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ (CDF) ပလက်ဝအဖွဲ့က သတင်းထုတ်ပြန် ပါတယ်။

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားရှစ်ဦးဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ (CDF) ပလက်၀အဖွဲ့ထံ ဘက်ပြောင်းလာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်း ရှင်းလက်ဝရွာ အခြေစိုက် စစ်ကောင်စီဗျူဟာ (၃)၊ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ကိုကျော်ထက်ဝေနဲ့ ဒုတပ်ကြပ် ကိုနိုင်လင်းအောင်တို့ နှစ်ဦး (CDF) ပလက်၀အဖွဲ့ထံ ဘက်ပြောင်းလာတာလို့ ဆိုပါတယ်။

ဆယ်ဦးစလုံးကို ဘေးကင်းလုံခြုံတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း (CDF) ပလက်၀အဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း မတူပီမြို့ပေါ် မြို့မရဲစခန်းက တပ်ကြပ် ကိုရန်ရှင်းအောင်ဟာ လက်နက်တွေနဲ့အတူ သူတို့အဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ (CDF) မတူပီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။