မီဇိုရမ်ရောက် စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် အကူအညီလိုအပ်

2021.10.16
မီဇိုရမ်ရောက် စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် အကူအညီလိုအပ် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ချင်းပြည်နယ် ထန်တလန်၊ ဟားခါးနဲ့ ဖလမ်း မြို့နယ်တွေကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ဘေးဒုက္ခသည် အနည်းဆုံး ခြောက်သောင်းကျော်တို့ဟာ အကူအညီတွေ လိုအပ်နေတယ်လို့ မီဇိုယမ် ပြည်နယ်ရောက် ချင်းလူမျိုးတွေက RFA ကို ပြောပါတယ်။

အခု စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ မီဇိုရမ် လူမှုအဖွဲ့အစည်းတွေက ကောက်ခံထားတာ ဖြစ်ပြီး မြေပြင်မှာ တစ်သိန်းဝန်းကျင်အထိ ရှိနိုင်တယ်လို့ မီဇိုရမ်ပြည်နယ်ရောက်နတေဲ့ ၂၀၂၀ တုန်းက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့တဲ့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

"CDM တွေ ကူညီရေးကော်မတီဆိုတာ ဒီဘက်မှာလည်း ရှိတယ်။ သူတို့က အခက်အခဲရှိရင် တင်ပြပါ ဆိုတော့ တင်ပြရင် ကူညီ‌တော့ ကူညီတယ်။ ဒါပေမဲ့ နေ့တိုင်း၊ လတိုင်း၊ အခက်အခဲရှိပါတယ် သွားပြော နေရတာမျိုး မဟုတ်ဘဲ လစဉ် အစီအစဉ်လေးတွေ လိုအပ်နေတဲ့အခြေအနေ ဖြစ်နေတယ်"

စစ်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့အတွက် အိန္ဒိယ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လူမှုအဖွဲ့အစည်း တွေက ကျေးရွာတွေမှာ တည်ဆောက်ပေးထားပေမယ့့််ည်း အလုံးအရင်းနဲ့ ဝင်လာတာ မဟုတ်တဲ့ ဒုက္ခသည် တွေကတော့ အိမ်ငှားနေထိုင်ရတာဖြစ်လို့ ရေရှည်မှာ နေထိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို တရားဝင်လက်ခံထားတာ မဟုတ်တဲ့အတွက် ရေရှည်မှာ ခွဲခြား ဆက်ဆံတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ရှိလာနိုင်တယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါ တယ်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုက်ပွဲတွေဟာလည်း ချင်းပြည်နယ်မှာ ဧပြီလကစလို့ အခုအချိန်အထိ ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ညကလည်း ထန်တလန်မြို့ကို စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် မြို့နေလူဦးရေ တစ်သောင်းနီးပါးဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်တစ်လျှောက်ကို ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။