နေပြည်တော်မှာ တရုတ်သံရုံးရဲ့ ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်


2017.09.08
china-ambassador-622.jpg မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr Hong Liang ကို တွေ့ရစဉ်
Photo: Chinese Embassy in Myanmar's facebook

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သံရုံးကို နေပြည်တော်မှာ ရွှေ့ပြောင်း ဖွင့်လှစ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ နေပြည်တော်က Grand ACE Villa မှာ တရုတ်သံရုံးရဲ့ ယာယီ ဆက်ဆံရေးရုံးကို ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr Hong Liang က အခုလို ယာယီဆက်ဆံရေးရုံးကို နေပြည်တော်မှာ ဖွင့်လှစ်နိုင်တာဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးတဲ့ အဓိပ္ပါယ်ရှိတယ်လို့ ပြောပါတယ်။

"နေပြည်တော်မှာ ဆက်ဆံရေးရုံးထားရှိဖို့ အဆိုပြုလုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ဒီနေ့ နေပြည်တော်ရုံးခွဲကို တရားဝင်ဖွင့်လှစ်နိုင်ခြင်းဟာ တရုတ် မြန်မာ ဆက်ဆံရေးထဲမှာ အရေးကြီးတဲ့ အဓိပ္ပါယ်ရှိပါတယ်"

တရုတ်သံရုံးရဲ့ ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်တာဟာ နေပြည်တော်မှာ သံရုံးပြောင်းရွှေ့ဖွင့်လှစ်ဖို့ မြေငှားရမ်းတာ၊ သံရုံးဆောက်ဖို့ ပြင်ဆင်တာတွေအတွက် ခွင့်ပြုတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သံရုံးမိသားစုဝင်တွေအတွက် နေပြည်တော်မှာ International School ဖွင့်ဖို့ လိုအပ်တယ်လို့လည်း တရုတ်သံအမတ်ကြီးက အကြံပြုပါတယ်။

ယာယီဆက်ဆံရေးရုံးကို ၃ နှစ်တာ ခွင့်ပြုတာဖြစ်ပြီး အဲဒီကာလအတွင်းမှာ နေပြည်တော်မှာ  မြေငှားရမ်းတာတွေ ကို တရုတ်သံရုံးက ဆက်လက်လုပ်ဆောင်ရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် က ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်မှာ သံရုံးဖွင့်မယ်လို့ ကတိကဝတ်မပေးရင် ဆက်ဆံရေးရုံး ဖွင့်ခွင့်မပေးဘူးလို့လည်း ဦးကျော်တင် က ပြောပါတယ်။

လတ်တလော နေပြည်တော်မှာ သံရုံးဖွင့်ဖို့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကို ခွင့်ပြုထားတယ်လို့လည်း ဦးကျော်တင် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။