သစ်ခိုးသူ တရုတ်နိုင်ငံသားတွေ လုံခြုံရေး တရုတ်အစိုးရ တောင်းဆို


2015.01.19
illgeal-logging-620.jpg ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာအရှေ့ဘက် ၃ မိုင်လောက်မှာရှိတဲ့ အင်ကြင်းတောင်မှာ စက်ယန္တရားတွေနဲ့ တရုတ်နိုင်ငံသားတွေ တရားမဝင် သစ်ခုတ် ယူနေစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်မှာ တရားမဝင် သစ်ခိုးမှုနဲ့ ဖမ်းဆီးခံထားရ တဲ့ တရုတ်နိုင်ငံသားတွေကို လုံခြုံမှုရှိအောင် စောင့်ရှောက် ထားဖို့၊ တရားဥပဒေနဲ့အညီဆောင်ရွက်ဖို့ တရုတ်အစိုးရ က တိုက်တွန်းလိုက်ကြောင်း ဆင်ဝှာ သတင်းက ဖော်ပြ ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက် လို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ ဖမ်းဆီးခံထားရသူတွေ ရဲ့လုံခြုံရေးနဲ့ ဥပဒေအရခံစားခွင့်တွေပေးဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ကြောင်း၊ မြန်မာဘက်က လည်း ထိန်သိမ်းထားသူတွေအပေါ် ကောင်းကောင်း မွန်မွန်ဆက်ဆံမှာဖြစ်တယ်ဆိုတဲ့ တုံန့်ပြန်ချက်ရရှိ ထားကြောင်း၊ လက်ရှိအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက အမှုနဲ့ပတ်သက်လို့ လိုက်ပါဆောင်ရွက်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသား ၁၂ဝ ဝန်းကျင်နဲ့ သစ်တင်ကား ၅ဝဝ နီးပါးကို သစ်မှောင်ခိုမှုနဲ့ ဖမ်းဆီး ထားကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။

ဒီအတွင်း KIA ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် အရပ် သားတွေထဲမှာ တရုတ် နိုင်ငံသားတွေ ပါဝင်နေကြောင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။