မြန်မာက အခွန်တိုးတောင်းလို့ တရုတ်ရေနံစက်ရုံ မဖွင့်လှစ်နိုင်


2016.10.10
china-pipeline-620.jpg ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်ပြည် ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းအတွက် တရုတ်ပြည်ထဲမှာ ဆောက်လုပ်ပြီးစီးသွားတဲ့ ရေနံချက်စက်ရုံကြီး စတင်လည်ပတ်ရေးဟာ  အခွန်ကိစ္စကြောင့်  မဖွင့်လှစ်နိုင်ဘဲ နှောင့်နှေးနေရပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်ကနေ အရှေ့ဘက်ကို ကန့်လန့်ဖြတ်သွယ်တန်းထားတဲ့ ပိုက်လိုင်းကနေ ရေနံတွေကို ပို့ဆောင်မှာဖြစ်ပြီး အဲဒီရေနံစိမ်းတွေအတွက် မြန်မာအစိုးရက အခွန်ငွေ ၅% တိုးပြီးကောက်ခံမယ်လို့ အကြောင်းကြားထားတယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။  ဒါဟာ မူလက သဘောတူထားပြီးဖြစ်တဲ့ သဘောတူညီချက်ကို ချိုးဖေါက်ရာ ကျရောက်ပြီး၊ အဲသလို အခွန်ပေးဆောင်ရမယ်ဆိုရင် သူတို့ ရေနံချက်စက်ရုံကြီး ဟာ အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တရုတ်အရာရှိတွေကပြောပါတယ်။

ဆောက်လုပ်ပြီးစီးသွားတဲ့ ယူနန်ပြည်နယ် အန်နင်းမြို့မှာ ဆောက်လုပ်ခဲ့တဲ့ ရေနံချက်စက်ရုံကြီးဟာ တနေ့ ကို ရေနံလီတာ ၂၆၀,၀၀၀ ချက်လုပ်နိုင်တဲ့ စက်ရုံကြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။