တရုတ်ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့မရှိ


2014.11.06

တရုတ်ဝန်ကြီးချုပ် လီခတ်ချန်းဟာ အရှေ့အာရှ ဆွေးနွေးပွဲတက်ရောက်ဖို့ မြန်မာနိုင်ငံကို သွားရောက်ရာ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အစီအစဉ်မရှိဘူးလို့ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး လျူကျင်မင်းက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဝန်ကြီးချုပ် လီခတ်ချန်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အလွန်တိုတောင်းလှပါတယ်၊ အဓိကအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ နှစ်နိုင်ငံအစီအစဉ်တွေ ဆွေးနွေးကြဖို့၊ နောက်လွှတ်တော် ဥက္ကဌတွေနဲ့ တွေ့ဆုံဖို့ပဲရှိပါတယ်၊ တခြားတွေ့ဆုံရေး အစီအစဉ်မရှိပါဘူးလို့ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကိုလာလည်မယ်လို့ ကြေညာတာနဲ့ ပတ်သက်လို့ မိမိတို့ အနေနဲ့အတည်ပြုချက်မရသေးပါဘူး၊ မြန်မာဘက်က ထုတ်တဲ့သတင်းသာ ကြားသိရပါသေးတယ်၊ ဒါကြောင့် ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မပြောနိုင်သေးပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ် လီခတ်ချန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိပေမဲ့၊ မြန်မာ ပြည်သူတွေ ရဲ့ နေထိုင်မှုဘဝ တိုးတက်လာရေးအတွက် ကူညီရေးအစီအစဉ်သစ်တွေ၊ စွမ်းအင်၊ စိုက်ပျိုးရေးစတဲ့ ကဏ္ဍတွေအတွက် သဘောတူညီချက်တွေ ဒီခရီးစဉ်နဲ့အတူ သယ်ဆောင်လာမှာဖြစ်တယ်လို့ တရုတ်စီးပွားရေး ဒုတိယဝန်ကြီးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။