တရုတ်ကဓာတ်မြေသြဇာကားတွေကြောင့် ချီဖွေ - ဆောလော် ကားလမ်းပျက်စီး


2019.06.07
china-truck-622.jpg ကချင်ပြည်နယ် ချီဖွေ-ဆော်လော်ကားလမ်းတွင် တရုတ်နယ်စပ်မှ ဓာတ်မြေသြဇာတင်ကားကြီးများ သွားလာနေပုံ။
Photo: Elizabeth Jangma/ RFA

သတ္တုတူးဖော်ရာမှာအသုံးပြုတဲ့ ဓာတ်မြေသြဇာတင်ကားတွေ တရုတ်နယ်စပ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို သွားလာနေတာကြောင့် ချီဖွေ၊ ဖီမော်၊ ဆော်လော်သွားကားလမ်းမှာ ယာဉ်ပိတ်ဆို့နေတာတွေနဲ့ လမ်းတွေလည်း ပျက်စီးနေလို့ ခရီးသွားလာရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ရက်ကို သတ္တုဓာတ်မြေသြဇာတင်ကား အစီး ၅၀ ခန့် သွားလာနေတာကြောင့် ယာဉ်ပိတ်ဆို့မှုနဲ့ လမ်းပျက်စီးမှုတွေဖြစ်ပေါ်နေပြီး ပုံမှန်အားဖြင့် ချီဖွေ၊ ဆောလော်ကို ခြောက်နာရီသာသွားရတဲ့ခရီးဟာ အခုဆို တစ်ညအိပ်ခရီးသွားနေရတယ်လို့ ဆော်လော်မြို့နယ်ဒေသခံ ဓမ္မဆရာတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီကားတွေဟာ တရုတ်နိုင်ငံကနေ ပန်ဝါဘက်ကို တိုက်ရိုက်တင်ပို့တဲ့လမ်းကြောင်းကို ပိတ်လိုက်တာကြောင့် တရုတ်နယ်စပ်လမ်းကြောင်းကနေ ဆော်လော်ကတဆင့် ပန်ဝါဘက်ကို မေလကုန်ပိုင်းလောက်ကစပြီး တင်ပို့လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်နဲ့ ပန်ဝါမြို့နယ်ခွဲ ကချင်အထူးဒေသ (၁) အတွင်းမှာ မြေရှားလို့ခေါ်တဲ့ သတ္တုတူးဖော်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။