မြန်မာနိုင်ငံအရေး အိမ်နီးချင်းများ ၀ိုင်း၀န်းကူညီဖို့ တရုတ်တိုက်တွန်း

RFA Burmese
2024.08.17
မြန်မာနိုင်ငံအရေး အိမ်နီးချင်းများ ၀ိုင်း၀န်းကူညီဖို့ တရုတ်တိုက်တွန်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့၊ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi အား တွေ့ရစဉ်။
TANG CHHIN Sothy / AFP

စစ်ပွဲတွေကြောင့် ဖျက်ဆီးခံနေရတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ၀ိုင်း၀န်းကူညီကြဖို့ တရုတ်နိုင်ငံခြားရေး၀န်းကြီး ၀မ်ယိက သောကြာနေ့က ထိုင်းနဲ့ လာအိုနိုင်ငံခြားရေး၀န်ကြီးများနဲ့ တွေ့ဆုံစဥ် ပန်ကြားလိုက်ပါတယ်။

နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိက မြန်မာနိုင်ငံက အခြေအနေဟာ စိုးရိမ်စရာဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ပဋိပက္ခတွေကြောင့် ဖျက်ဆီးခံရတဲ့ မြန်မာ့စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေကို တိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အစောပိုင်းကလည်း တရုတ်နိုင်ငံခြားရေး၀န်ကြီးက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အထောက်အကူပေးပြီး ဒုက္ခနွံထဲကနေ ရုန်းထွက်နိုင်အောင် ကြိုးပမ်းနေပါတယ်လို့ ပြောပါတယ်။

တကယ်တော့ တစ်မြေတည်းနေ တစ်ရေတည်းသောက်နေကြတဲ့ အိမ်နီးချင်းတွေအနေနဲ့ မြန်မာနိုင်ငံကပြဿနာကို တခြားသူတွေထက်ပိုပြီး နားလည် အဖြေရှာပေးနိုင်ပါတယ်လို့လည်း ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။