ကျောက်မီးသွေးစက်ရုံ စီမံကိန်းကြောင့် လူ ၃ သိန်းနီးပါး သေဆုံးနိုင်


2017.05.04
coal-mine-620.JPG ရှမ်းပြည်နယ် ပင်လောင်းမြို့ နောင်တရားမြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ စီစဉ်ထားတဲ့အတိုင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့ ဆောက်လုပ်ခဲ့ရင် ဒီကျောက်မီးသွေးစက်ရုံတွေကြောင့် လာမယ့် ဆယ်စုနှစ်တွေမှာ လူပေါင်း ၂ သိန်း ၈ သောင်းလောက်အထိ အသက်သေဆုံးနိုင်တယ်လို့ Greenpeace သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အစီရင်ခံစာက ဒီကနေ့ ရေးသား ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၂ ရုံကနေ ၁ဝ ရုံအထိ တိုးချဲ့ဖို့ အစိုးရက စီစဉ်နေ တာဟာ ပြည်သူတွေရဲ့ အသက်တွေကိုပါ အကြီးအကျယ် ထိခိုက်လာစေနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်နဲ့ Greenpeace အဖွဲ့က ပူးတွဲပြုစုထားတဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးအဆင့်ထဲမှာ ရှိနေပြီး၊ စီးပွားရေး ဦးမော့လာတာနဲ့ အမျှ ပိုပြီးဆိုးလာဖို့သာ ရှိတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံက အကြီးဆုံးမြို့ကြီး ၆ မြို့ဟာ လေထုညစ်ညမ်း မှုကြောင့် မီးခိုးမြူတွေပြည့်နေတဲ့ တရုတ်နိုင်ငံ ဘေကျင်းမြို့တော်ထက် လူ့အသက်ကို အန္တရာယ်ဖြစ်စေတဲ့ PM10 ဓာတ်ငွေ့အမှုန်တွေ  ပိုများနေတယ်လို့လည်း အစီရင်ခံစာက သတိပေးထားပါတယ်။

မြန်မာအစိုးရဟာ တိုင်းပြည်တွင်း လျှပ်စစ်မီး မလိုလောက်မှုကို ၂ဝ၃ဝ ပြည့်နှစ်မှာ အပြီးဖြေရှင်းနိုင်ဖို့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အဓိကအားထား မူဝါဒ ချမှတ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။