ကြိုတင်မဲထုပ်တွေကို ကော်မရှင် ချိတ်ပိတ်


2015.11.08
taunggyi-advance-vote-620.jpg ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာ နိုဝင်ဘာလ ၈ ရက်နေ့က မဲထုပ်တွေကို သိမ်းဆည်းနေစဉ်
Photo: Khun Yarzar/RFA

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာ ဒီကနေ့ နေ့လည်က တောင်ကြီးမြို့နယ် ကော်မရှင်ထံကို ကြိုတင် မဲထုပ်တွေ ရောက်ရှိလာရာမှာ မဲကွာဟတာများနေတဲ့အတွက် နိုင်ငံရေးပါတီတွေက ကန့်ကွက်တာကြောင့် ကော် မရှင်က အဲဒီမဲထုပ်တွေကို ချိတ်ပိတ်လိုက်ပါတယ်။

တောင်ကြီးမြို့နယ် ကော်မရှင်ထံကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော် ကြိုတင်မဲထုပ် နှစ်ခုပေါင်းမှာ မဲအရေ အတွက် ၉၈၄ မဲရှိပြီး အဲဒီမဲတွေမှာ ပြည်ခိုင်ဖြိုးပါတီက ၉၄၄ ရရှိပြီး ပယ်မဲ၃၆ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၁ မဲ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂မဲ၊ ကျားဖြူ ပါတီက ၁ မဲသာ ရရှိတယ်လို့ ပါရှိတာဖြစ်ပါတယ်။

မဲအလွန်ကွာဟနေတာအပြင် ကြိုတင်မဲတွေကို ထည့်လာတဲ့ အိတ်ကိုကပ်ထားတဲ့ကော်က မခြောက်သေးတဲ့ အတွက် ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် ပအမဖ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SLNDနဲ့ ကျားဖြူပါတီကိုယ်စားလှယ်တွေက လက်မှတ်ထိုးကန့်ကွက်ကြပါတယ်

အဲဒီမဲတွေကို တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။