ကုန်ဈေးနှုန်းကို အစိုးရက တိုက်ရိုက်ထိန်းချုပ်ဖို့ မသင့်ကြောင်း စီးပွားကူးသန်းဝန်ကြီး ပြော


2016.11.16
dr-thanmyint-620.jpg စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နိုဝင်ဘာလ ၁၆ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တင်ပြနေစဉ်
Photo: Win Naung Toe/ RFA

ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုကို အစိုးရက တိုက်ရိုက်ထိန်းချုပ်ဖို့ မသင့်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုကို အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအရ ထိန်းချုပ်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ဒီနေ့ မေးမြန်းခဲ့ရာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ငွေကြေးဖောင်းပွမှု အခြေအနေတွေ၊ ကုန်ဈေးနှုန်းတက်ရတဲ့ အကြောင်းအရင်းတွေနဲ့ ကုန်ဈေးနှုန်းမြင့်မားလာတဲ့ နှုန်းထားတွေကို အကျယ်တဝင့် ရှင်းပြနေတာကြောင့် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က နိဂုံးချုပ်ဖို့ ဝန်ကြီးကို သတိပေးခဲ့ပြီး မေးခွန်းကို ထိထိရောက်ရောက်ဖြေဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ဝန်ကြီးရဲ့ ဖြေကြားမှုဟာ ပြည့်စုံမှုမရှိဘူးဆိုပြီး ထပ်ဆင့်မေးခွန်းဆက်လက်မေးမြန်းခဲ့ပေမယ့် ထပ်ဆင့်မေးခွန်းကို ဖြေကြားဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ဝန်ကြီး ဒေါက်တာသန်းမြင့် က ဖြေဆိုဖို့ ငြင်းဆန်ခဲ့တဲ့အတွက် လာမယ့် နောက်တစ်ကြိမ် လွှတ်တော်အစည်း အဝေးမှာ ပြန်လည်ဖြေဆိုပေးဖို့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဝန်ကြီးကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။