အဓိကရုဏ်းတွေ အဆုံးသတ်ဖို့ ဒလိုင်းလားမား မေတ္တာရပ်ခံ
2013.09.18
မြန်မာ ဗုဒ္ဓဘာသာ ရဟန်းဟံဃာတော်တွေ ကို မြန်မာနိင်ငံတွင်းက လူနည်းစုမွတ်စလင်တွေနဲ့ လူအသေအပျောက်ဖြစ်ပေါ်စေတဲ့ အဓိကရုဏ်းတွေ အဆုံးသတ်စေဖို့ ဗုဒ္ဓဝိနည်းနဲ့အညီ ကျင့်ဆောင်သွားကြဖို့ နိုဘယ်ဆုရ တိဘက်ဘုန်းတော်ကြီး Dalai Lamaက မနေ့က မေတ္တာရပ်ခံ လျှောက်ထားမိန့်ကြားသွားပါတယ်။
တိဘက်ဘုန်းတော်ကြီးဟာ Czech သမ္မတနိင်ငံ Prague မြို့တော်မှာ နှစ်စဉ်ပြုလုပ်နေကြ လူ့အခွင့်အရေး ညီလာခံတစ်ရပ်မှာ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေကို အဲဒီလို မေတ္တာရပ်ခံ လျှေျာက်ထားခဲ့တာဖြစ်ပါတယ်။