NDF ပါတီက အမတ်နှစ်ဦး လွှတ်တော်တွင်း သဘောထားကွဲလွဲ

ဒီကနေ့ မတ်လ ၁၆ ရက်ထုတ် စစ်အစိုးရ သတင်းစာတွေထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက လွှတ်တော်အမတ် ဦးခိုင်မောင်ရီက လွှတ်တော်အတွင်းမှာ တင်သွင်းတဲ့အဆိုကို NDF ပါတီဝင် နောက် အမတ်တဦးဖြစ်တဲ့ ဦးကြီးမြင့်ကနေ ချေပ ပယ်ဖျက်လိုက်တာကို ဖော်ပြထားပါတယ်။

2011.03.16
ndf_election_campaign_305_z.png အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ အဖွဲ့ဝင်များ ရန်ကုန်မြို့ တနေရာတွင် အောက်တိုဘာ ၂၀ ရက်နေ့က ရွေးကောက်ပွဲ မဲဆွယ် လက်ကမ်း ကြော်ငြာများ ဝေငှနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီလို NDF ပါတီဝင် အမတ်အချင်းချင်း ချေဖျက်လိုက်တာနဲ့ ပတ်သက်လို့ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဦးကြီးမြင့်ရဲ့ လုပ်ရပ်ဟာ ပါတီသဘောထား မဟုတ်ပဲ သူသဘောနဲ့သူ လုပ်ခဲ့တာ ဖြစ်ကြောင်း RFA ကို ပြောပါတယ်။

“နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေမှာ ပါရှိပြီး ဖြစ်တဲ့ မူလတန်း၊ အလယ်တန်းတွေကို အခမဲ့ ပညာသင်ကြားခွင့်ကို ဖော်ဆောင်ပေးမယ် ဆိုတဲ့ ကျွန်တော်တို့ မူဝါဒနဲ့အညီ တင်တာ ဖြစ်ပါတယ်။ ဦးကြီးမြင့် ကန့်ကွက်တာကတော့ သူ့ဟာသူ၊ သူ့သဘောနဲ့သူ ကန့်ကွက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုလည်း ကြိုတင် အသိမပေးပါဘူး။”

ဆက်လက်ပြီး သူတို့ပါတီက လွှတ်တော်အမတ်တွေ ရန်ကုန်ပြန်ရောက်ရင် အဲဒီကိစ္စကို NDF ပါတီကနေ စုံစမ်းစစ်ဆေးပြီး ပါတီစည်းကမ်းအရ လုပ်ဆောင်သွားမယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

NDF ပါတီဟာ သူတို့ ပါတီ ခေါင်းဆောင်တယောက် ဖြစ်တဲ့ သင်င်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကိုလည်း ပါတီစည်းကမ်း မလိုက်နာလို့ ဆိုပြီး ပါတီကနေ ထုတ်ပယ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။