ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် နိုင်ငံရေးတက်ကြွသူများ ဆန္ဒပြ


2014.12.07
constitution-adjustment-prostet-305 ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံရေး တက်ကြွလှှုပ်ရှားသူများ တာမွေမြို့နယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့က ဆန္ဒဖော်ထုတ်ကြစဉ်
Photo: Kyaw Zaw Win/RFA

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ပေး ဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ဝဝ ခန့်က ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ်မှာ ဒီနေ့ ဆန္ဒပြတောင်း ဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ ကိုအောင်မျိုးလင်းက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ၆ ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲဟာ အရေးကြီးတဲ့အတွက် အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ကဒီမှာ ဘာကြောင့်ဆန္ဒဖော်ထုတ်ရလဲ ဆိုတာ အဓိကကတော့ဗျာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြင်ဆင်ရတော့မယ်၊ ပြင်ဆင် ရတော့မယ့်အခြေအနေမှာ ကျနော်တို့က လွှတ်တော်ထဲကနေပြင်ဆင်မယ်လို့ လုပ်နေကြ တယ်၊ ဆွေးနွေးကျတဲ့အချိန်မှာ တပ်မတော် ကိုယ်စားလှယ်တွေက ၄၃၆ ကို မပြင်ဆင်နိုင်ဘူး ဆိုပြီးတော့ တင်းခံနေတဲ့အနေအထားတွေ ဖြစ်နေပြီ၊ တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေကနေပြီး သဘောမတူဘူးဆိုရင် ပုဒ်မ ၄၃၆ ကိုလည်းမပြင်နိုင်ဘူး၊ အခြေခံဥပဒေကိုလည်း မပြင်ဆင်နိုင်ဘူး၊ အဲ့ဒီတော့ ကျနော်တို့က ဒီအခြေအနေကို မဖြစ်စေချင်ဘူး၊ ၆ ပွင့်ဆိုင်တွေ့ဆုံပြီးတော့ ညင်ညင်သာသာနဲ့ ကူပြောင်းလို့ရနိုင်တဲ့ အခြေအနေကို ရောက်နိုင်အောင်လို့  ကျနော်တို့က သမ္မတနဲ့ ကာချုပ်ကို ဒီ ၆ ပွင့်ဆိုင်တွေ့ဆုံရေးမှာ ဝင်ရောက်ပူးပေါင်းပါဆိုပြီတော့ ဒါပြောချင်ပါတယ်"

ဆန္ဒပြပွဲမှာ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ) (စ)တို့ကို ပြင်ဆင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့၊ ရွေးကောက် ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီသတင်းနဲ့ဆက်စပ်ပြီး  RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက Generation Wave မျိုးဆက်သစ် လူငယ်များ အစည်းအရုံး က ကိုမိုးသွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။