ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ဖို့ ပြည်သူ က အဓိက ဆုံးဖြတ်ရမည်
2014.06.03

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ဆိုရင် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုက အဓိက ဆုံးဖြတ် ရမှာဖြစ်ကြောင်းနဲ့ တစ်ဦးတစ်ယောက်ရဲ့ ခံစားမှု နဲ့ ပြောလို့မရနိုင်ကြောင်း နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်တွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းတာကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း က အခုလိုပြောတာဖြစ်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အစတုန်း ကပေါ့ ဖြစ်ပေါ်လာမဲ့ နိုင်ငံရဲ့အခြေအနေ ကို မျှော်မှန်းပြီးတော့ အဲ့တုန်းကပေါ့ အားလုံး တွက်ဆပြီးတော့မှ အကောင်းဆုံးဟာကို ရေးဆွဲ ပြီးတော့မှ လူထုရဲ့ထောက်ခံချက်နဲ့ လုပ်ခဲ့တာ အခုဆို ၃ နှစ်ရှိသွားပြီ အဲ့တုန်းကအမြင်နဲ့ ယှဉ်ကြည့်ရင် တချို့ကလေ လွဲနေမှာပေါ့၊ လွဲနေတဲ့ အခါ ကျတော့လည်း ပြင်ရမှာပေါ့ ပြင်သင့်လား၊ မပြင်သင့်ဘူးလားဆိုတာကတော့ ပြည်သူတွေက ဆုံးဖြတ်ပေါ့၊ ပြင်တာလွယ်ပါတယ် ဒါပေမဲ့ ပြင်ပြီးရင်အဲ့ကောင်ကို ပြန်ဖျက်ဖို့က မလွယ်ဘူး ဒါကြောင့် မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆင်ဖို့က အင်မတန်အရေးကြီးတယ်၊ ပြင်သင့်မပြင်သင့်ဆိုတာ တဒင်္ဂ ခံစာမှှုနဲ့ ပြောလို့မရဘူး၊ တစ်ဦးတစ်ယောက်ခံစာမှှုနဲ့လည်း ပြောလို့မရဘူး မြန်မာပြည်မှာရှိတဲ့ သန်းပေါင်း ၆၀ သောမဲပေးနိုင်ခွင့်ရှိသောသူတွေရဲ့ ဆန္ဒသည် မူတည်ပါတယ်"
နိုင်ငံတော်သမ္မတရဲ့အမိန့်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မလိုက်နာဘူးလို့ ပြောဆိုနေတာ တွေဟာ မဟုတ်ကြောင်းနဲ့ တိုင်းပြည်အတွက်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ် မောင်မောင်အုန်း က ပြောခဲ့ပါတယ်။