ဖွဲစည်းပုံ ပြင်ဆင်ရေးကိစ္စ နိုင်ငံရေးပါတီ ၁၆ ခု ပူးပေါင်း ကြေညာချက်ထုတ်


2019.02.15
2008-constitution-622.jpg ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ စည်းဖို့ဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန် ရာရောက်တယ်လို့ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၆ ခုတို့က ကန့်ကွက်ကြောင်း မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က မကွေးတိုင်းမဲဆန္ဒနယ် အမှတ် ၄ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် NLD ပါတီဝင် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုအနေနဲ့ တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေဟာ အခြေခံဥပဒေပြင် ဆင်ရေးကို ကန့်ကွက်နေတာမဟုတ်ဘဲ ဥပဒေလုပ်ထုံးလုပ်နည်းကို လေးစားလိုက်နာဖို့ ဦးတည်ဆွေးနွေးခဲ့တာလို့ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က နေပြည်တော် လွှတ်တော်ဝန်းအတွင်းမှာ ကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရေး အစည်းအဝေးမှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ကိုယ်စားလှယ်ရရှိမှုနည်းကြောင်း ကန့်ကွက်ခဲ့တာကြောင့် ကော်မတီဖွဲ့စည်းရေး မပြီးဘဲဖြစ်ခဲ့ပါတယ်။

ကော်မတီထဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေ ပါဝင်မယ် မပါဝင်ဘူးဆိုတာကိုတော့ သူ့အနေနဲ့ ပြောလို့မရသေးကြောင်း ဦးသိန်းထွန်းက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။