ကွန်တိန်နာယာဉ်မောင်းတွေ ဆန္ဒပြ


2018.10.11
container-drivers-protest-622.jpg ကွန်တိန်နာတင်ကားမောင်းသူတွေ ရန်ကုန်မြို့ ကြည့်မြင်တိုင် ကမ်းနားလမ်းမှာ လမ်းပိတ်ပြီး ၂၀၁၈ နိုဝင်ဘာလ ၁၀ ရက်နေ့ညက ဆန္ဒပြစဉ်
Photo: Thant Zin Oo/RFA

ကွန်တိန်နာတင်ကားတွေ ထွက်ခွာဖို့ မူလသတ်မှတ်ထားတဲ့ ည ၉ နာရီကို ပြန်လည်သတ်မှတ်ပြီး မလိုက်နာသူတွေ ကို ဖမ်းဆီးအရေးယူတာတွေ ပြန်လုပ်နေတဲ့အတွက် ထောင်နဲချီတဲ့ ကုန်တင်ကားတွေ မထွက်ဘဲ လမ်းပိတ်ဆန္ဒပြ ခဲ့ကြပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ကစပြီး သတ်မှတ်ချိန် ၉ နာရီထက် စောထွက်တဲ့ ကုန်တင်ကားတွေကို ယာဉ်ထိန်းရဲတွေ က ကွန်တိန်နာတင်ယာဉ်တွေကို ရပ်တန့်ဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း ဆန္ဒပြတဲ့ယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ကွန်တိန်နာတင်ကားတွေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းပဲ သွားလာခွင့်ပေးခဲ့ပါတယ်။

ဒါပေမဲ့ စထွက်ချိန်အရမ်းနောက်ကျတဲ့အတွက် ကုန်စည်ပို့ဆောင်မှု အဆင်မပြေကြောင်း ကားမောင်းသမားတွေက တောင်းဆိုတာကြောင့် ည ၈ နာရီမှာစထွက်ဖို့ နှုတ်ကတိနဲ့ သဘောထားခဲ့ပေမဲ့ အောက်တိုဘာလ ၉ ရက်နေ့ကစပြီး ည ၉ နာရီမှ စထွက်ဖို့ ပြန်လည်ညွှန်ကြားခဲ့တာကြောင့် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ကွန်တိန်နာအသင်းအဖွဲ့ဝင်တွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ည ၈ နာရီမှာ စတင်ထွက်ခွာဖို့ သဘောတူညီမှုရခဲ့တာကြောင့် ကွန်တင်နာတင်ကားတွေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပေမယ့် ညနေပိုင်းအထိ လမ်းတွေပိတ်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။