လုပ်ငန်းရှင်တွေကို လုပ်ငန်းမရပ်တန့်အောင် ချေးငွေထုတ်ပေးဖို့ ဝန်ကြီးပြော
2020.03.25
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် လုပ်ငန်းတွေ ရပ်တန့်ပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်ရအောင် အစိုးရက လုပ်ငန်းရှင်တွေကို မြန်မာကျပ်ငွေ ဘီလီယံ တစ်ရာ ထုတ်ချေးဖို့ စီစဉ်ထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။