တစ်ရက်တည်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၂၆၀ ကျော်စံချိန်တင်တွေ့


2020.09.10
coronavirus-test-622.jpg ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရေးစင်တာမှာ ကျန်းမာရေးစစ်ဆေးနေတဲ့ မြင်ကွင်းတခု။
Photo: AFP

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၁၄၂ ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။

လူနာသစ် အယောက် ၁၂၀ တွေ့ရှိကြောင်း ဒီမနက်ပိုင်းမှာ ထုတ်ပြန်ထားတာကြောင့် ဒီနေ့တစ်ရက်လုံးမှာ တွေ့ရှိတဲ့လူနာစုစုပေါင်း ၂၆၂ ယောက် ရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဒီကနေ့ နောက်ထပ်နှစ်ဦး သေဆုံးသွားပါတယ်။

ရန်ကုန်တိုင်း၊ ဖောင်ကြီး ဗိုင်းရပ်စ်ကုသရေးဌာနမှာ ဆေးကုသနေတဲ့  အသက် (၅၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတာပါ။

သေဆုံးသွားသူနှစ်ယောက်ဟာ ဆီးချို၊ သွေးတိုးရောဂါ အခံတွေရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၄ ယောက် ရှိသွားပြီဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၂၁၅၀ ယောက် ရှိသွားပါပြီ။

ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၆၂၅ ယောက် ရှိပါတယ်။

ရန်ကုန်တိုင်းမှာ ရောဂါကူးစက်ခံထားရတဲ့သူ အများဆုံးရှိတာကြောင့် မနေ့ကစပြီး မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့ Stay at Home အမိန့်ကို မြို့နယ် ၂၁ မြို့နယ်မှာ အစိုးရက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။