အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့အပေါ် တိုင်ကြားမှု ကို အဂတိကော်မရှင်ထံ လွဲှပြောင်း
2018.08.05

အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ကို တိုင်ကြားလာတာတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထံ လွဲှပေးထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ဒီနေ့ ပြောပါတယ်။
ပါတီရဲ့ တိုင်ကြားစာဌာနထံ ရောက်ရှိလာတဲ့ တိုင်စာတွေထဲမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပတ်သက်တာကို လွဲှပြောင်းပေးထားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
"ကျနော်တို့က အဂတိလိုက်စားမှုနဲ့ ပတ်သက်ရင် ဘာနဲ့ဆိုင်လဲဆိုတော့ အုပ်ချုပ်ရေးပိုင်းနဲ့တွဲပြီး လုပ်တဲ့အခါမှာ အုပ်ချုပ်ရေးအပိုင်းကို ခေါ်ယူပြီးစစ်ဆေးခွင့် မရှိဘူးခင်ဗျ။ ကျနော်တို့က ပါတီအတွင်း စုံစမ်းစစ်ဆေးရေးကို လွှဲပေးတာပါ။ အဓိကက ပြည်စုံအောင်စစ်ဆေးနိုင်ဖို့ပါ။ ကျိန်းသေးတာ အပြစ်ပေးရမယ် မဟုတ်ပါဘူး ခင်ဗျ။ နည်းပါတယ် နှစ်ဦးသုံးဦးပဲ ရှိတယ်။ အဂတိကျတော့ ပြည်ထောင် စုအဆင့်ပဲရှိတယ်"
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွန့် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဂတိလိုက်စားမှုတိုက်ဖျက်မှုကော်မရှင် ဥပဒေ ပုဒ်မ ၂၀(ဃ) အရ လျှို့ဝှက်စာတမ်းတွေလို့ သတ်မှတ်တဲ့အတွက် ထုတ်ပြန်လို့ရတဲ့အချိန်မှာ သတင်းထုတ်ပြန်ကြေညာပေးသွားမယ်လို့ ပြောပါတယ်။
ဇွန်လကုန်အထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ အမှုပေါင်း ၄ ထောင်ကျော် တိုင်ကြားစာ ရောက်ရှိနေပြီး စီစစ်ဆဲ အမှုပေါင်း ၃၀ နဲ့ စီစစ်အရေးယူပြီး အမှု ၈ မှု ရှိကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်စာဌာနကို ရောက်ရှိနေတဲ့ တိုင်စာပေါင်း ၅၀၀ နီးပါရှိနေပြီး လွတ်တော်ကိုယ်စားလှယ် ၄၀ လောက်ကို အရေးယူထားကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။