အသိမ်းခံလယ်များ ပြန်ရဖို့ ဆန္ဒပြသူ ထောင် ၉ လကျခံရ
2013.09.11

တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲြမို့ခံ ကိုစိုးဝေကို သံတွဲြမို့နယ်တရားရုံးက ြပီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်ေန့မှာ အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။
ကိုစိုးဝေဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ၂ ကြိမ်၊ စက်တင်ဘာလ ၂ ရက်နေ့က ၁ ကြိမ် သံတွဲမြို့ပေါ်မှာ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုဆန္ဒပြခဲ့တာပါ။
ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ကိုစိုးဝေရဲ့ ညီဖြစ်သူ ကိုအောင်နိုင်က အခုလို ပြောပါတယ်။
“၉ ရက်နေ့မှာ ပုဒ်မ ၁၈ ကို တစ်မှုကို ၃ လစီနဲ့ သုံးမှုအတွက်ကို ၉ လချတယ်၊ အဲဒီ့ဥစ္စာက အလုပ်ပါပါတယ်၊ ချပြီးတာနဲ့ ချက်ချင်းထောင်ကိုပို့လိုက်တယ်၊ အယူခံဝင်ဖို့တော့ အစီအစဉ်ရှိပါတယ်”
သံတွဲြမို့နယ်ရဲစခန်းက ပထမ ၂ ြကိမ် ဆန္ဒပြတာမှာ အာမခံပေးခဲ့ပေမဲ့ ၃ ကြိမ်ေမြာက် ဆန္ဒပြအြပီးမှာ အာမခံမပေးတော့ဘဲ သံတွဲအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။