လားရှိုး အဓိကရုဏ်း စတင်ခဲ့သူ ထောင်၂၆နှစ် ချမှတ်ခံရ


2013.06.12
lashio-building-burn-305.jpg လာရှိုးမြို့ အဓိကရုဏ်းအတွင်း မီးရှို့ခံရသော အဆောက်အဦးပုံ
photo: U Ye Htut Facebook

ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကို စတင်ခဲ့သူ မွတ်စလင်အမျိုးသားကို  လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက်၊ မနေ့က ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်ပါတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ အသက် ၄၈ အရွယ် ဦးနေဝင်းကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဥပဒေ၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၊ လူသတ်မှု ကျူးလွန်ရန် အားထုတ်မှု၊ အပြင်းအထန် နာကျင်စေမှုစတဲ့ပြစ်မှုတွေနဲ့  ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ကြောင်း လားရှိုးမြို့က တရားလွှတ်တော် ရှေ့နေ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

လာရှိုးမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က အသက် ၂၄ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို ဦးနေဝင်းက ဓာတ်ဆီလောင်း မီးရှို့ခဲ့ရာကစတင်ကာ ပဋိပက္ခတေ ွ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး မွတ်စလင် ဗလီတစ်ခုနဲ့ မိဘမဲ့ဂေဟာ တစ်ခုအပါအဝင်  နေအိမ်တွေ မော်တော်ယာဉ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

အဓိကရုဏ်းအတွင်း တုတ်၊ ဓါး လက်နက်ကိုင်ထားသူ အယောက် ၆ဝ ခန့်ကိုလဲ ဖမ်းဆီးထိန်းသိမ်းထားကြောင်း  ရဲမှူး မိုးဇော်လင်းက AFP သတင်းဌာနကို ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း လူမျိုးရေးဘာသာရေး အခြေခံတဲ့ ပဋိပက္ခတွေ အတော်များများ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လကလည်း မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြား အဓိကရုဏ်းဖြစ်ပွားခဲ့လို့ လူဒါဇင်ပေါင်းများစွာ သေဆုံးပြီး အိုးအိမ် ထောင်ပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ပါတယ်။

ပဋိပက္ခစတင်ခဲ့သူ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦး၊ သူတို့နဲ့ဆွေမျိုးတော်စပ်သူ ၁ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီးပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။