အသိမ်းခံလယ်မြေမှာ ထွန်ယက်လို့ တရားစွဲခံရ
2013.09.02
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ စပါးရိုကျေးရွာက လယ်သမား ၅ ေယာက်ဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ကသိမ်းယူထားတဲ့ လယ်ယာမြေတွေထဲမှာ ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှု ပုဒ်မ(၄၄၇)နဲ့ တရားစွဲဆိုခံထားရပါတယ်။
ပြီးခဲ့တဲ့ ဇွန်က ၁ ရက်နေ့က ဆည်မြောင်းကသိမ်းထားတဲ့ လယ်ယာမြေတွေထဲမှာ ဝင်ရောက်ထွန်ယက်ခဲ့တာကြောင့် သြဂုတ်လ ၅ ရက်နေ့မှာ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင် တရားစွဲခံထားရတာ ၃ ပတ်ရှိနေပြီဖြစ်ကြောင်း တရားစွဲခံထားရတဲ့ လယ်သမား ဦးနေမင်းသန်းက RFAကို ပြောပါတယ်။
“ကျနော်တို့ ၁.၆ .၂ဝ၁၃ မှာ ထွန်တုံးတိုက်ပွဲတိုက်တယ်၊ တိုက်ပြီးတော့ ကျနော်တို့ ၃ ပတ်ဆက်တိုက်အထိ တရားရုံးကိုတက်တယ်၊ တကယ်လို့ ကျနော်တို့ တရားရုံးမှမတက်ရင် ထောင်ချမယ်၊ ဒဏ်ငွေ ၅ သိန်းအထိပေးရမယ်လို့ မြို့နယ်တရားလူကြီးကပြောပါတယ်”
လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်လောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာနက ဂုန်လျော်စီမံကိန်းအတွက် လယ်သမား ၆၂ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၄ဝဝ ေကျာ်ကို လျော်ကြးမပေးဘဲ သိမ်းယူခဲ့ြပီး ၁၉၉၄ ခုနှစ်လောက်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို ပြန်လွှဲပေးလိုက်တယ်လို့ ပြောပါတယ်။
အဲဒီနောက်ပိုင်းမှာ လယ်၊ဆည်ဝန်ကြီးဌာနက လယ်ယာမြေတွေကို အခြားလယ်သမားတွေကို သီးစားချထားလိုက်ပြီး မူလလယ်သမားတွေကိုတော့ သီးစားလုပ်ပိုင်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။