ကိုအောင်ကိုထွေးကို အောက်တိုဘာ ၃၀ရက်နေ့ အမိန့်ချမည်
2018.10.16

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ပုဒ်မ ၇ နဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အမှုကို လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဗိုလ်တထောင် မြို့နယ် တရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။
ကိုအောင်ကိုထွေး အမှုကို အမိန့်ချမှတ်ပြီးတဲ့အခါ နိုင်ငံတော်သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီးဌာနထံ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် ဆက်လက်တင်ပြသွားမယ်လို့ ကိုအောင်ကိုထွေးရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
ကိုအောင်ကိုထွေး အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က တရားရုံးကို တင်ပြတဲ့သက်သေတွေနဲ့ ဥပဒေအရာရှိ ကိုပေးတဲ့ သက်သေတချို့ ကွဲလွဲနေတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ကလေးစစ်သားဟောင်းဘဝ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး RFA မှာ ဖြေကြားခဲ့တဲ့အတွက် ကိုအောင်ကိုထွေးကို တပ်မတော်က နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်၊ တရားရုံး မထီမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ထားပါတယ်။
ကိုအောင်ကိုထွေးဟာ လာမယ့် အောက်တိုဘာလ ၃၀ရက်နေ့မှာ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ ပုဒ်မ ၇နဲ့ အမိန့်ချမှတ်ခံရမှာဖြစ်ပါတယ်။ အဲဒီပုဒ်မအရ ထောင်ဒဏ် ၆ လကနေ ၂ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။